SJ WorldNews - шаблон joomla Авто

ရွှေကျင်နှင့်ကျောက်ကြီးမြို့နယ်တို့၌ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးမည်

Wednesday, 23 October 2019 10:23 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး  အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း(၂ဝ၁၉)ကို   ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ဝက်သက်ရောဂါ  ကာကွယ်ဆေးနှင့် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း  ကျန်ရှိသော မြို့နယ် ၂၆ မြို့နယ်တွင်လည်း နိုဝင်ဘာ  ၂၆  ရက်မှ  ၂၈ ရက်အထိ ဝက်သက်ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းတွင် အကျုံးဝင်သည့် အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ်ကလေးများအား  ရာနှုန်းပြည့်အန္တရာယ် ကင်းစေရန် ထိုးနှံပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် ဝက်သက်ရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခဲ့ရာ ၁၉၉၅ ခုနှစ်အထိ လွှမ်းခြုံမှု ၈ဝ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် လွှမ်းခြုံမှု ရာခိုင်နှုန်း ၈ဝ ကျော်ရရှိသော်လည်း ၉၅ ရာခိုင်နှုန်းကျော်ကို ယနေ့ထိတိုင် ရရှိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

Read 165 times Last modified on Wednesday, 23 October 2019 10:24