SJ WorldNews - шаблон joomla Авто

လေဖြတ်လေဖြန်းသူများ ပြန်လည် ကျန်းမာလာစေရေး အခမဲ့စောင့်ရှောက်မှု ဆောင်ရွက်ပေး

Thursday, 14 November 2019 09:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး သန်လျင်သဘာဝ တရားရိပ်သာရှိ လေဖြတ်လေဖြန်း ဝေဒနာ ခံစားနေရသူများအတွက်  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် Acton Care Myanmar နှင့်လေဖြတ်သူများ ကူညီ စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍   ဆောင်ရွက်လျက် ရှိကြောင်း       Acton   Care    Myanmar တည်ထောင်သူ    ဒေါ်ဇာခြည်၏ ပြောပြချက်အရ သိရသည်။

““လေဖြတ်ဝေဒနာသည်တွေကြောင့် မိသားစုတွေ ငွေကုန်ကြေးကျများပြီး ၀န်ထုပ် ၀န်ပိုး ဖြစ်နေတတ်ပါတယ်။  ဒါကြောင့် သူတို့ရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက်  ပြေလျော့စေချင်တဲ့ အတွက် ကိုယ်နိုင်သလောက်ကစပြီး   ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားဖို့ ရှိပါတယ်”” ဟု  ဒေါ်ဇာခြည် ကပြောသည်။

အဆိုပါ အစီအစဉ်ကို နိုဝင်ဘာ ၁ ရက် မှ စတင်အကောင်အထည်ဖော်ခဲ့ရာ လက်ရှိတွင် လေဖြတ်လေဖြန်း ဝေဒနာသည် ကိုးဦးကို စတင်လက်ခံ ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်သည်။  အဆိုပါ ဝေဒနာသည်များကို ဆေးထိုး ၊ဆေးသောက်ဖြင့် ကုသပေးခြင်း မဟုတ်ဘဲ ၎င်းတို့အတွက် အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် စိတ်ပျော်ရွှင်စေမှု စသည်တို့ကို  စီစဉ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

““အစားအသောက်ကို အဓိကထားပြီး ခန်္ဓာကိုယ် သွေးလေလည်ပတ်မှု ကောင်းဖို့၊ ခန်္ဓာကိုယ်ထဲက အဆိပ်အတောက် ပြယ်စေဖို့အပြင် ဝေဒနာသည်တွေ စိတ်ဓာတ်ခိုင်မာဖို့  ခန်္ဓာကိုယ်အနွေးဓာတ် ထိန်းသိမ်းထားပြီး ကျန်းမာအောင်ပြုစုတာပါ။ အစားအသောက်ကို  ဆီမပါဘဲ  သဘာဝအတိုင်း အာဟာရ အပြည့်အစုံပါတဲ့  လတ်လတ် ဆတ်ဆတ် အသီးအရွက်တွေချက်တဲ့အခါ  မြေအိုးနဲ့ချက်မှ အဆင်ပြေတယ်။ ဒါကြောင့် ရွေးချယ်စားသင့်တဲ့ အရာတွေကို မြေအိုးအသုံးပြုပြီး    လတ်လတ်ဆတ်ဆတ် ချက် ကျွေးပါတယ်”” ဟု  ဒေါ်ဇာခြည်ကပြောသည်။

လက်ရှိတွင်  ဝေဒနာသည်  ကိုးဦးကို ၄၅ ရက်တာ လက်ခံပြုစု ကုသပေးပြီးပါက    ဒုတိယ အသုတ်အနေဖြင့် လူနာများ ထပ်မံ လက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍  လေဖြတ်လေဖြန်း ပြုစုစောင့်ရှောက်မှုကို ရယူလိုသူ ဝေဒနာသည်များ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ် (၁၄၉)လမ်း အိမ်အမှတ်(၉)၌  ဖွင့်လှစ်ထားသော ရုံးခန်းသို့  ဆက်သွယ် စုံစမ်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။                                 

Read 191 times Last modified on Thursday, 14 November 2019 09:11