SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကူးစက် ရောဂါများအား လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်ရေး အသိပေး နှိုးဆော်ချက်

Friday, 29 September 2017 09:24 font size decrease font size decrease font size increase font size increase font size

လူတိုင်းအစားအစာနှင့် အရာဝတ္ထုများကို မိမိလက်ဖြင့် နေ့စဉ်ကိုင်တွယ် စားသောက် အသုံးပြုသောကြောင့် လူတို့၏ လက်တွင် ရောဂါပိုးများနှင့် အညစ်အကြေးများ နေ့စဉ်ကပ်ငြိ နေနိုင်ပါသည်။ ထိုသို့ရောဂါပိုးများ ကပ်ငြိနေသော ကြောင့် အောက်ဖော်ပြပါ ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

F ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသည်းရောင် အသားဝါရောဂါ

F ပိုလီယိုရောဂါ

F သန်ကောင်ကြောင့် ဖြစ်ပွားသော ရောဂါများ

F အရေပြား သန့်ရှင်းမှု မရှိသောကြောင့် ဝဲ၊ ဒက်၊ ယားနာ၊ ပြည်တည်နာများ ဖြစ်ပွားပြီး အခြားသူသို့ ကူးစက်လွယ် ခြင်း၊ ပျောက်ကင်းရန် အချိန်ကြာမြင့်ခြင်း။

ကာကွယ်ရန် နည်းလမ်းများ

၁။ အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံး နည်းလမ်းမှာ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းဖြစ်သည်။

၂။ အစားအစာ မကိုင်တွယ်မီ၊ အစာမစားမီ၊ အိမ်သာတက်ပြီးတိုင်း၊ ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း၊ အမှိုက်သရိုက် ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်၊ တိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်များ ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်၊ အသားငါး၊ ဥများကိုင်တွယ်ပြီးတိုင်း၊ လူနာများကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ စင်ကြယ်အောင် ဆေးကြောရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ လူတိုင်းမိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် စနစ်တကျ ဆေးကြောရန်နှင့် သူတစ်ပါးကိုလိုလည်း လက်ကိုစင်ကြယ်အောင် စနစ်တကျ ဆေးကြောကြရန် သတိပေးခြင်းဖြင့် ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း နှိုးဆော်အပ်ပါသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

Read 501 times Last modified on Friday, 29 September 2017 09:50