SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကလေးသူငယ်ပေါင်း ၅၇၀၀၀၀ ကျော်ကို ၀က်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးလျက်ရှိ

Wednesday, 27 November 2019 11:34 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်ဝန်း     ၀က်သက်-ဂျိုက်သိုး ကာကွယ်၊ဆေး   အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်မှ  ကလေးသူငယ်ပေါင်း ၅၇၀၀၀၀ ကျော်ကို   ၀က်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၆ ရက်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတို့တွင်   ၀က်သက်ရောဂါဖြစ်ပွားမှု များပြားပြီး အဆိုပါဖြစ်ပွားမှုများကို လေ့လာသုံးသပ်ကြည့်ခြင်း အရ ဖြစ်ပွားသူ ဦးရေ၏ ထက်ဝက်ကျော်သည် ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန် တိုင်းဒေသကြီး အတွင်း  ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဒဂုံ(အရှေ့ပိုင်း)၊ ဒဂုံ(တောင်ပိုင်း)နှင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်တို့၌   အပိုဆောင်းထိုးနှံခြင်းကို တစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတစ်ဝန်း ၀က်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၂၃၄ မြို့နယ်၌ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။   

Read 111 times Last modified on Wednesday, 27 November 2019 11:34