SJ WorldNews - шаблон joomla Авто

သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ ၊ မရှိ စစ်ဆေး

Friday, 13 December 2019 10:02 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍  သက်တမ်းလွန် ဆေးဝါးများနှင့် မှတ်ပုံတင်ထားသော ဆေးဝါးများ ရောင်းချနေမှု ရှိ၊ မရှိ ကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရှောင်တခင် ၀င်ရောက်စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးချမ်းမြတ်နှင့် ၀န်ထမ်းများ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးဇော်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ   ဒုတိယရဲအုပ် စိုးနိုင်ဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ ပူးပေါင်း၍ သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးဝါးများ မရောင်းချရန် တားဆီးခြင်း၊ သိမ်းဆည်းခြင်း၊ ဆေးဝါးလိုင်စင် မပြုလုပ်ရသေးသည့်  ဆေးဆိုင်များအနေဖြင့်   လိုင်စင်လျှောက်ထားကြရန် အသိပညာပေး လုပ်ငန်းများ   ဆောင်ရွက်ပေးပြီး ကျန်းမာရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ဆက်လက်၍   စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့ပေါ်ရှိ ရေသန့်စက်ရုံနှင့် မောင်းကုန်း ကျေးရွာအုပ်စု မောင်းကုန်းကျေးရွာရှိ  ရေသန့်စက်ရုံတို့သို့လည်း    ၀င်ရောက် စစ်ဆေးကြောင်း သိရသည်။

Read 861 times Last modified on Friday, 13 December 2019 10:03