SJ WorldNews - шаблон joomla Авто

၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်လှစ်

Monday, 30 December 2019 09:33 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး   ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာတွင် နိုင်ငံတော် အစိုးရမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း  ၆၀၀၀  ဖြင့် ဇင်းချောင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အေးငြိမ်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက်  ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းတို့က ဆေးရုံဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားသည်။

အဆိုပါဆေးရုံဖွင့်ပွဲသို့  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကွမ်းဆိပ်ကျေးရွာနှင့်  အနီးပတ်ဝန်းကျင် ကျေးရွာများမှ  ဒေသခံပြည်သူ  ၁၅၀၀ ခန့်   တက်ရောက်ကြကြောင်း    သိရသည်။

Read 225 times Last modified on Monday, 30 December 2019 09:35