Print this page

ဆေးဆိုင်ဖွင့်လှစ် ရောင်းချသူများက FDA ထံ သက်တမ်းလွန် ဆေးဝါးအပ်နှံ

Thursday, 02 January 2020 11:36 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆေးဆိုင်ဖွင့်လှစ် ရောင်းချသူများက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)ထံသို့  သက်တမ်းလွန်ဆေးဝါးများကို ဖျက်ဆီးရန် အပ်နှံမှုများ ရှိနေကြောင်း    မကွေးတိုင်းဒေသကြီး   FDA  တာဝန်ခံ   ဒေါက်တာပြည့်ထူးထံမှ သိရသည်။

ဆေးဆိုင်များတွင် ယခင်က ဆေးဝါးများ သက်တမ်းလွန်ပါက ဖွင့်ဖောက်၍ အိတ်များတွင် ထည့်ပြီး နယ်များကိုဖြန့်သည့် အလေ့အထများ ရှိခဲ့သော်လည်း အသိပညာပေးမှုနှင့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခဲ့သည့် အတွက် လုပ်ငန်းရှင်များဘက်က ပူးပေါင်း ပါဝင်လာနေခြင်းဖြစ်သည်။

““သက်တမ်းလွန်ဆေးတွေ ကျွန်တော်တို့ သိမ်းဆည်းရတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဆေးဆိုင်တွေက သူတို့သဘောနဲ့ သူတို့လာအပ်တာ။ သက်တမ်းတွေ လွန်နေပါပြီ။

FDA  ကဦးဆောင်ပြီး ဒါကိုလုပ်ပေးပါ ဆိုပြီး လာအပ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်””   ဟု ဒေါက်တာပြည့်ထူးက ပြောသည်။

FDA အနေဖြင့် ဓာတ်ခွဲခန်းပါသော မော်တော်ယာဉ်ကို အသုံးပြုပြီး မြို့နယ်အသီးသီးရှိ ဈေးများကို အစားအသောက်ဆိုင်ရာ ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးနှင့် မှတ်ပုံတင် ထားခြင်း မရှိသည့် ဆေးဝါးများ ရောင်းချမှုရှိ၊ မရှိကို ကြိုတင်အသိပေးထားခြင်း မရှိဘဲ စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း သိရသည်။ 

Read 312 times Last modified on Thursday, 02 January 2020 11:37