SJ WorldNews - шаблон joomla Авто

နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာ ၁၀၀ ကျော်ရှိ

Friday, 03 January 2020 09:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ်ကို ကြိုဆိုသည့် နှစ်သစ်ကူးအထိမ်း အမှတ်ပွဲများတွင် ပါဝင်ဆင်နွှဲကြသူများအနက် ထိခိုက်ဒဏ်ရာရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသူ ၁၂၉ ဦး ရှိကြောင်း သိရသည်။

ထိုသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာများမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ ၂၄ ဦး၊ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၅၃ ဦး၊ ကျိုးပဲ့သူ ၂၉ ဦး၊ ခေါင်းထိလူနာ ၂၃ ဦး စုစုပေါင်း ၁၂၉ ဦးဖြစ်သည်။

၂၀၁၉ ခုနှစ်ကို ကြိုဆိုသော နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် ရောက်ရှိခဲ့သဖြင့်  ယခုနှစ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူနည်းပါးကြောင်း သိရသည်။

““ကျွန်တော်တို့ပရဟိတ အသင်းအနေနဲ့ကတော့ ကျွန်တော်တို့ဆီ အကူအညီ တောင်းခံလာလို့ အရေးပေါ်ပို့ပေးရတဲ့ ထဲမှာကြီးကြီးမားမား ဖြစ်တာတွေမပါဘူး။ မူးလဲတာနဲ့ ခိုက်မိတာက အမှု ၂၀ လောက်ရှိတယ်။ တခြား ယာဉ်တိုက်မှုတွေတော့ မပါသေးဘူး။ အရင်နှစ်ကထက်တော့ သိသိသာသာ   လျော့နည်းသွားပါတယ်””  ဟု အားမာန်လူငယ် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများတွင် သေဆုံးသူ မရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနမှ သိရသည်။

Read 155 times Last modified on Friday, 03 January 2020 09:30