SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ ဆေးရုံ ဆေးခန်းများမှ စွန့်ပစ်ပစ္စည်းများကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုသာန်၌ စနစ်တကျ မီးရှို့ဖျက်ဆီးလျက်ရှိ

Monday, 13 January 2020 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ ဆေးရုံ၊  ဆေးခန်းများမှ စွန့်ပစ်သော အမှိုက်များကို လှိုင်သာယာ မြို့နယ်ရှိ  ထိန်ပင်သုသာန်၌  စနစ်တကျ မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း   ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ဆေးရုံ၊ ဆေးခန်းများမှ  စွန့်ပစ်သည့် အမှိုက်များတွင် ရောဂါပိုးများလည်း ပါဝင် နိုင်သည့်အတွက် အမှိုက်သိမ်းဆည်းသော ၀န်ထမ်းများက လက်အိတ်များဖြင့်  စနစ် တကျ သိမ်းဆည်းလေ့ရှိသည့်အပြင် အသုံးပြုပြီးသော ဆေးထိုးပြွန်များနှင့် အပ်များကိုလည်း ဘူးအလွတ်များအတွင်း ထည့်သွင်းစွန့်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။

““ဆေးရုံ၊ ဆေးခန်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေက  အန္တရာယ်များတာကြောင့် အမှိုက် သိမ်းတဲ့ ၀န်ထမ်းတွေအနေနဲ့ ထိခိုက်တာမျိုး မဖြစ်အောင် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ပါတယ်”” ဟု ၎င်းက ပြောသည်။

ထိန်ပင်သုသာန်အနီး၌  တစ်ရက်လျှင် အမှိုက်တန် ၁၀၀၀ ခန့် မီးရှို့နိုင်သော မီးရှို့ စက်ကိုလည်း ပိုလန်နိုင်ငံအစိုးရ၏ ODA  ချေးငွေဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ဆောင် နေကြောင်း သိရသည်။  ထို့ပြင်  ဆေးရုံ၊ ဆေးခန်းများ၌ အသုံးပြုပြီးသော ဆေးရုံသုံး ပစ်္စည်းများကို   စနစ်တကျ ထုပ်ပိုးစွန့်ပစ်ခြင်းရှိ၊မရှိ၊  အညစ်အကြေးများ၊ အရည် များစွန့်ပစ်ရာတွင် စနစ်တကျ စွန့်ပစ်ခြင်း ရှိ၊  မရှိကိုလည်း  ကျန်းမာရေးနှင့် အား ကစားဝန်ကြီး ဌာနက လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Read 210 times Last modified on Monday, 13 January 2020 08:49