SJ WorldNews - шаблон joomla Авто

သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ ၊ မရှိစစ်ဆေး

Friday, 17 January 2020 08:35 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီး အတွင်းနှင့် ဆေးဆိုင်များတွင်  မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ၊   မရှိစစ်ဆေးခြင်းကို  ဇန်န၀ါရီ ၁၅ ရက်နံနက်ပိုင်းက  မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   အိမ်မဲမြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က   မြို့မဈေးကြီးအတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊  သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ၊ မရှိ လိုက်လံစစ်ဆေးပြီး ဆားရောင်းချသော ဆိုင်များတွင် အိုင်အိုဒင်းဆားပါ၊  မပါတို့ကို  စစ်ဆေးကြသည်။

ဆက်လက်၍ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း တွေ့ရှိပါက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဆေးဝါးများကို စပ်ပြီးမရောင်းချရန် အသိပညာပေး ပြောကြားကြောင်း သိရသည်။                  

Read 220 times Last modified on Friday, 17 January 2020 08:38