SJ WorldNews - шаблон joomla Авто

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ခြေပူးလက်ပူး မီးလောင်ဒဏ်ရာများ အဖုအကျိတ်များ အခမဲ့ ခွဲစိတ် ကုသပေး

Monday, 20 January 2020 10:04 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်ရာများနှင့် အဖုအကျိတ် ဝေဒနာရှင်များအား မုံရွာမြို့ ခုတင် ၅၀၀ ဆံ့  မုံရွာပြည်သူ့ ဆေးရုံကြီး၌   ဇန်န၀ါရီ  ၁၉   ရက် နံနက်ပိုင်းတွင်  အခမဲ့ခွဲစိတ် ကုသပေးခြင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထိုသို့   အခမဲ့ခွဲစိတ် ကုသပေးခြင်းကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့်   မြန်မာနိုင်ငံ စားဖိုမှူးများအသင်း၊  ဂျာမနီနိုင်ငံမှ Inter   Plast    အသင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပရဟိတအသင်းများမှ ပူးပေါင်းပြီး  လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

““အခုလို ရောဂါလေးမျိုးစလုံးကို ခွဲစိတ်မှု လုပ်ပေးနိုင်တာ   ပထမဆုံးအကြိမ်ဖြစ်တယ်။ခံစားရတဲ့ ဝေဒနာတွေကို တိုးတက်လာတဲ့ ဆေးပညာအရ     လုပ်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။  ဝေဒနာရှင်တွေ အနေနဲ့လည်း အဲဒီအခွင့်အရေး တစ်ခုကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့  မြို့နယ်တစ်မြို့နယ်စီက   ဝေဒနာရှင် သုံးဦးကနေ ခုနစ်ဦးအထိ ခေါ်ထားတယ်။

ဆရာဝန်ကြီးတွေ ခွဲစိတ်နိုင်ခြေက တစ်ရက်ကို ၁၂ ဦးခန့် ခွဲစိတ်နိုင်တာဖြစ်တဲ့အတွက်   လူနာ  ၁၂၀ ဦးလောက် ခွဲစိတ်နိုင်အောင်လို့ စီစဉ်ပေးထားပါတယ်””  ဟု   မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းသုံး     ခွဲကျောက်ထုတ်လုပ် ရောင်းချသူများအသင်း (အထက်မြန်မာပြည်)   အထွေထွေ အတွင်းရေးမှူး-၁  ဦးကျော်တင် ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ၊  အဖုအကျိတ်ဝေဒနာရှင်  လူနာ ၁၆၀ ဦးကို ကနဦး စမ်းသပ်မှုများ ပြုလုပ်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သည့်လူနာ ၁၂၀ ဦးကို   ဇန်န၀ါရီ ၂၀ ရက်   နံနက်ပိုင်းမှ စတင်ပြီး ခွဲစိတ်မှုများကို   နေ့စဉ်နံနက် ၈ နာရီမှ ညပိုင်းအထိ ဂျာမနီနိုင်ငံမှ Inter Plast အသင်းမှ ခွဲစိတ်ဆရာဝန်ကြီးသုံးဦး၊ မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး တစ်ဦး၊ မေ့ဆေး ဆရာဝန်များ၊ သူနာပြုများ ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မုံရွာပြည်သူ့ ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်းကာ ခွဲစိတ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Read 181 times Last modified on Monday, 20 January 2020 10:05