SJ WorldNews - шаблон joomla Авто

ကျောက်ကပ်ဝေဒနာရှင်များ လျင်မြန်စွာ ကုသနိုင်ရေး ကျောက်ကပ်ဆေးစက်များ လိုအပ်နေ

Wednesday, 29 January 2020 10:17 font size decrease font size decrease font size increase font size increase font size

ကျောက်ကပ်ဝေဒနာရှင်များ အနေဖြင့် ကျောက်ကပ်ဆေးရန် အချိန်များစွာ မစောင့်ဆိုင်းရဘဲ လျင်မြန်စွာ ကုသနိုင်ရေးအတွက်   ကျောက်ကပ်ဆေးစက်များ    လိုအပ်နေကြောင်း သိရသည်။

““ကျောက်ကပ်ဆေးဖို့ အချိန်အကြာကြီး စောင့်ဆိုင်းရတာက ကျောက်ကပ်ဆေးစက်နဲ့ လူနာဦးရေ  မမျှတတဲ့အပြင် ၀န်ထမ်းအင်အားကလည်း မလုံလောက်လို့ပါ။ စောင့်ဆိုင်းရတဲ့ ကာလလျော့ပါးစေဖို့ ကျောက်ကပ်ဆေးစက် လိုအပ်သလို  စက်တွေထားဖို့   ဆေးရုံနေရာ (အဆောက်အအုံ)နဲ့   ရေသန့်စက်တွေ အပါအ၀င်   တခြားဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ ဆရာဝန်နဲ့ သူနာပြုဝန်ထမ်းအင်အား ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်”” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်  ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးမိုးမြင့် ကပြောသည်။

လက်ရှိတွင် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များကို  ရန်ကုန်ခုတင်-၅၀၀ ဆံ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ စံပြဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုဆေးရုံကြီးတို့၌ ကုသပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကပ်ဝေဒနာရှင်များ အနက် ကျောက်ကပ်ဆေး၍ ကုသရန် လိုအပ်သော လူနာများကို  ရန်ကုန် ခုတင်-၅၀၀ဆံ့  ဆေးရုံကြီး၌ ကုသပေးလျက်ရှိပြီး ကျောက်ကပ်ဌာနသို့  လာရောက်ပြသသူ တစ်နှစ်ထက် တစ်နှစ်  ပိုမို များပြားလာခြင်းကြောင့် အချိန်များစွာ မစောင့်ဆိုင်းရဘဲ လျင်မြန်စွာ ကုသနိုင်ရေး ကျောက်ကပ် ဆေးစက်များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Read 167 times Last modified on Wednesday, 29 January 2020 10:18