SJ WorldNews - шаблон joomla Авто

ခရီးသွား ဧည့်သည်များထဲမှ သံသယဖြစ်ဖွယ် အခြေအနေ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် ဧည့်လမ်းညွှန်များကို အသိပေး

Monday, 03 February 2020 09:32 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၌ ၀န်ဆောင်မှုပေးနေသည့်   ဧည့်လမ်းညွှန်များကို  မိမိတို့ဝန်ဆောင်မှု ပေးနေသည့်   ခရီးသွားဧည့်သည်များထဲမှ သံသယဖြစ်ဖွယ် အခြေအနေ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနခွဲများသို့ ဆက်သွယ် သတင်းပို့ပေးရန်    အသိပေးထားကြောင်း  မြန်မာနိုင်ငံ  ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်း ၏ပြောပြချက်အရ သိရသည်။

ဧည့်လမ်းညွှန် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများထဲမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ပြီး ပြန်ရောက်လာသူ၊ ဒေသခံ တရုတ်နိုင်ငံသားများ   သို့မဟုတ်   ၀ူဟန်ဒေသနှင့်  ဆက်စပ်မှုရှိသူများကို ကျန်းမာရေး သတိဖြင့် ၀န်ဆောင်မှုများပေးရန် လိုအပ်ကြောင်း သိရသည်။

““အခုလိုအချိန်မျိုးမှာ လူဦးရေထူထပ်တဲ့ နေရာတွေကို ရှောင်တာက အကောင်းဆုံးပဲ။   ဧည့်လမ်းညွှန်တွေကို  ထပ်ပြီးတော့ သတိပေးတဲ့သဘောပါ”” ဟု ဦးအောင်ထွန်းလင်း ကပြောသည်။ 

အဓိကအားဖြင့်    ဧည့်လမ်းညွှန်များ အနေဖြင့်   ၀န်ဆောင်မှုများ ပေးရာတွင်  ပြည်တွင်းခရီးသွားနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ    အများအပြား လာရောက်လေ့ရှိသည့်   အထင်ကရနေရာများ၊ လူနေထူထပ်သည့်  ပွဲလမ်း သဘင်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊  မလွဲမရှောင်သာ သွားလာပါကလည်း   ကျန်းမာရေး သတိရှိရှိဖြင့်   သွားလာကြရန် လိုအပ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ ဧည့်လမ်းညွှန် လက်မှတ်ရရှိထားသူ      တစ်သောင်းကျော် ရှိသော်လည်း ခရီးသွားကဏ္ဍ လုပ်ငန်းခွင်အတွင်း   ၇၀၀ ကျော်သာ ၀န်ဆောင်မှုပေးနေကြောင်း သိရသည်။

Read 123 times Last modified on Monday, 03 February 2020 09:33