SJ WorldNews - шаблон joomla Авто

ကလေးငယ်များအား ဗီတာမင်အေ အားဆေး တိုက်ကျွေး

Wednesday, 05 February 2020 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ၀ဏ္ဏဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် အသက် ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ အားဆေးတိုက်ကျွေးသည်။

ရှေးဦးစွာ   ရပ်ကွက်တာဝန်ခံ သားဖွားဆရာမ  ဒေါ်နီနီဝင်းက ဗီတာမင်အေ အားဆေးတိုက်ကျွေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို   ရှင်းလင်းပြောကြားကာကျန်းမာရေး ၀န်ထမ်းများက ရပ်ကွက်အတွင်းရှိ ကလေးငယ် ၁၉၂ ဦးအား ကိုယ်အလေးချိန် ချိန်ပေးပြီး ဗီတာမင်အေ အားဆေးများ တိုက်ကျွေးပေးသည်။

ဆက်လက်၍  ကျန်းမာရေး ၀န်ထမ်းများက တက်ရောက်လာကြသော ကလေးမိခင်များအား ဗီတာမင်အေ အားဆေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မိခင်များမှ မေးမြန်းသော အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးသည်။

အဆိုပါဗီတာမင်အေ အားဆေးတိုက်ကျွေးခြင်း လုပ်ငန်းသို့ ရပ်ကွက်တာဝန်ခံ သားဖွားဆရာမ ဒေါ်နီနီဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်နှင့် ကလေးမိဘများ တက်ရောက်ကြောင်း သိရသည်။

Read 84 times Last modified on Wednesday, 05 February 2020 08:44