SJ WorldNews - шаблон joomla Авто

မကွေးပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ကုသခဲ့သော လူနာနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်

Monday, 10 February 2020 10:18 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတွင် နေထိုင်သူ အသက် (၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၂-၂၀၂၀)ရက်တွင် ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် မောခြင်းရောဂါ လက္ခဏာများ ခံစားခဲ့ရပြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့(၉-၂-၂၀၂၀)ရက် နံနက် ၃ နာရီခွဲခန့်တွင် တက်ရောက်ကုသခဲ့ပြီး မကွေးပြည်သူ့ ဆေးရုံကြီးသို့ (၉-၂-၂၀၂၀) ရက် နံနက် ၇ နာရီခွဲခန့်တွင် လွှဲပြောင်း ညွှန်းပို့ခဲ့သည်။ အဆိုပါလူနာသည်   ထိုင်းနိုင်ငံတွင် သုံးနှစ်ခန့် နေထိုင်ခဲ့ရာမှ လွန်ခဲ့သော နှစ်လခန့်က တောင်တွင်းကြီးမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့်   ရောဂါရာဇ၀င်အား မေးမြန်းရာ လူနာတွင် နာတာရှည်ရောဂါ ဖြစ်သော အရေပြား လေးဖက်နာ(ှ Systemic  Lupus  Erythematosus SLE) ရောဂါဖြစ်ပွားနေသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကလည်းအဆိုပါရောဂါကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ဖူးသော ရာဇ၀င်ရှိကြောင်း စိစစ်သိရှိရသည်။

၎င်းလူနာဆေးရုံသို့ ရောက်ရှိချိန်တွင် သွေးပေါင်ချိန်များ ကျဆင်းလျက်ရှိပြီး လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် လိုအပ်သော ကုသမှုများ ပေးနေစဉ်(၉-၂-၂၀၂၀)ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ လူနာသေဆုံးခြင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာတွင် လူနာ၏ ခရီးသွားရာဇ၀င်မှာ ထိုင်းနိုင်ငံသို့သာ သွားရောက်ခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည်မှာလည်း နှစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့် (2019-nCoV)Virus  ၏ အများဆုံး ရောဂါပျိုးရက်ဖြစ်သော (၁၄)ရက်ထက် ကျော်လွန်ပြီဖြစ်ခြင်း တို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus (2019-nCoV) သံသယ လူနာ၏ အဓိပ္ပာယ် သတ်မှတ် ချက်နှင့် ကိုက်ညီမှုမရှိကြောင်းနှင့် လူနာသေဆုံးရခြင်း အကြောင်းရင်းမှာ  နာတာရှည်ရောဂါဖြစ်သော အရေပြား လေးဖက်နာရောဂါ အခြေအနေမှာ ဆိုးဝါးလာပြီး ၎င်း၏  နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် သွေးဆိပ်တက်ခြင်းတို့ ခံစားရကာ သေဆုံးရခြင်းဖြစ်ကြောင်း  သိရှိရသည်။

Read 61 times Last modified on Monday, 10 February 2020 10:19