SJ WorldNews - шаблон joomla Авто

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး(၁၆/၂၀၂၀) ကျင်းပ

Thursday, 13 February 2020 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

2019 Novel Coronavirusကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၁၆/၂၀၂၀)ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခု ဖြစ်ပွားနေသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ရောဂါ၏ အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရုံးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် တရားဝင်အမည်  သတ်မှတ်ပေးလိုက်ပြီး ဖြစ်ကြောင်း၊ မြန်မာသီးသန့် စီးပွားရေးဇုန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏ၀ါသိပ္ပံဆိုင်ရာ သုတေသနဆောင်ရွက်ရန် တရုတ်သုတေသန ရေယာဉ် XIANG YANG HONG 06 သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်မည့် ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှုများ အထူးကြပ်မတ် ပြုလုပ်ရန်အတွက် အသေးစိတ်ကြိုတင် ပြင်ဆင်ထားရှိစေလိုကြောင်းနှင့် ယခုဖြစ်စဉ် ပြီးဆုံးသည်အထိ အရှိန်အဟုန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နေ့စဉ်ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံအချို့၌  လက်ရှိဖြစ်ပွားနေသည့်  Coronavirus Disease 2019 (COVID-19) ရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ခြုံငုံသုံးသပ် ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနချုပ်မှ နောက်ဆုံး(update)ထုတ် ပြန်ချက်များ အပါအ၀င် ၀ူဟန်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင်  ၅၉ ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိခြင်း စသော အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်(ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 

Read 76 times Last modified on Thursday, 13 February 2020 09:34