Print this page

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စု၌ အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး

Friday, 14 February 2020 09:06 font size decrease font size decrease font size increase font size increase font size

ဆီဆိုင်  ဖေဖော်ဝါရီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ဟော်တောင်ကျေးရွာ ဓမ္မာရုံ၌ ကိုရိုနာဗိုင်းရပ်အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ကျန်းမာရေး ဦးစီးဌာန  ကျန်းမာရေးမှူး အဆင့်(၁)ဦးဝင်းမြင့်က ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဟောပြောပြီး ကျန်းမာရေး ဆရာမများက အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတို့ကို တိုက်ကျွေးသည်။

ထို့နောက်   တာဝန်ရှိသူများက  တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား   ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                     

Read 45 times Last modified on Friday, 14 February 2020 09:07