SJ WorldNews - шаблон joomla Авто

ဝူဟန်ဗိုင်းရပ် စောင့်ကြည့်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆေးရုံအားလုံး၌ ခုတင်လေးခုစီ ထားရှိ

Friday, 14 February 2020 10:49 font size decrease font size decrease font size increase font size increase font size

ဝူဟန်ဗိုင်းရပ် စောင့်ကြည့်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံအားလုံး၌  ခုတင်လေးခုစီ ထားရှိရန်  ညွှန်ကြားထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ၏ပြောကြားချက်အရ သိရသည်။

““၀ူဟန်ဗိုင်းရပ်စောင့်ကြည့်နိုင်ဖို့ အခုလို စီစဉ်ထားတာပါ။ ကူးစက်ရောဂါ တွေ့ရှိရင် ထိန်းချုပ်နိုင်ဖို့နဲ့  ဆေးရုံတိုင်းက  လက်ခံထားနိုင်ရမယ်။ဒီအခြေအနေအထိ ဖြစ်လာအောင် ညွှန်ကြားထားတယ်။ ဒီဗိုင်းရပ်နဲ့ ပတ်သက်လို့ အသိပညာပေးတာတွေကို မီဒီယာတွေကနေ တစ်ဆင့်   ဆောင်ရွက်ထားပါတယ်”” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

အဆိုပါညွှန်ကြားချက်အတိုင်း ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ၌ ခုတင် လေးခုစီ ထားရှိခြင်း ရှိ၊မရှိကိုလည်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနအနေ ဖြင့်    လိုက်လံ စစ်ဆေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း လုပ်ကိုင်သူများကို  ခေါ်ယူသတိပေးထားပြီး   ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် သံသယဖြစ်ဖွယ်ရာ လူများတွေ့ရှိပါက မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊    ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်  ကုသရေး ဦးစီးဌာနတို့ထံ သတင်းပေးပို့နိုင်ကြောင်း  သိရသည်။

Read 75 times Last modified on Friday, 14 February 2020 10:50