SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်

Sunday, 16 February 2020 13:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြုစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊   ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် လျန်ဟဲမြို့နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၉-၂-၂၀၂၀)ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး (၁၄-၂-၂၀၂၀)ရက်မှစတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ၀မ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့်   ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီ အထူးကု ဆေးရုံသို့ညွှန်းပို့ခဲ့သည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး  ၎င်းထံမှ ဓာတ်ခွဲနမူနာ ရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လူနာအား လတ်တလော စစ်ဆေးချက်များ အရ အခြားပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း။

ယနေ့(၁၅-၂-၂၀၂၀)ရက် ည ၈ နာရီအထိ လူနာ ကိုးဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများ ထပ်မံရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

Read 178 times Last modified on Sunday, 16 February 2020 13:39