SJ WorldNews - шаблон joomla Авто

ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာနမှ အသိပေး ကြေညာ

Tuesday, 18 February 2020 12:08 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို  ဦးစားပေး အစီအစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသော  Novel 2019 Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ ပြည်သူများ အနေဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ အချက်များကို သိရှိလိုက်နာကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်-
(က)   အဆုတ်ရောင်ရောဂါ  (2019-nCoV)  ၏ အဓိကလက္ခဏာများ
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀ူဟန်မြို့သို့ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ လွန်ခဲ့သည့်၁၄ ရက်အတွင်း အဆုတ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူ နေထိုင်ခဲ့ခြင်း၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပွားသည်ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်းတို့ ရှိခဲ့ပြီး ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက အဆုတ်ရောင်ရောဂါ (2019-nCoV) သံသယလူနာဟု သတ်မှတ်နိုင်ပါသည်။
(ခ)    အဆုတ်ရောင်ရောဂါ  (2019-nCoV) ရောဂါကူးစက်ပုံ
    အဆုတ်ရောင်ရောဂါ (2019-nCoV) ရောဂါကူးစက်ပုံအား အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း  ယခင်အလားတူ ကိုရိုနာဗိုင်းရပ် ရောဂါပိုးများ၏ ရောဂါကူးစက်ပုံများ အရ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး(Influenza Virus)များ အပါအ၀င် အခြားရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်  တိုက်ရိုက်ကူးစက် ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ်ထိတွေ့ရာမှ တစ်ဆင့် ရောဂါ ကူးစက်နိုင်ပါသည်။
(ဂ)    အဆုတ်ရောင်ရောဂါ (2019-nCoV) ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ
    - ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသော သူများနှင့် အနီးကပ် နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
    - လူထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။
    - လက်ကိုစင်ကြယ်အောင် ဆပ်ပြာနှင့်ရေတို့ကို အသုံးပြု၍ မကြာခဏ ဆေးကြောပါ။
    - နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသော အ၀တ်နှင့် နှာခေါင်းစည်းအသုံးပြုပါ။ အထူးသဖြင့် ဘတ်စကားစီးစဉ် အခြားသူများထံသို့ ရောဂါ မကူးစက်စေရန် သတိပြုပါ။
    - နှာချေ၊  ချောင်းဆိုးသည့်အခါ တစ်ရှူး အသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာ လွှင့်ပစ်ပါ။ လက်ကိုစင်ကြယ်အောင် ဆပ်ပြာဖြင့် သေချာစွာ ပြန်ဆေးကြောပါ။
    - တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
    - တိရစ္ဆာန်အသား၊ ငါးများကို သေချာစွာကျက်အောင်  စနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးပါ။
    - တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ၊ ကောင်းစွာ အိပ်စက်အနားယူပါ။
    - အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
    - ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့် အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုး ကူးစက်ခံရခြင်း မရှိစေရန် Infection Prevention and Control အား အထူးဂရုပြုလိုက်နာပါ၊ လူနာနှင့် ထိတွေ့သော အရာဝတ္ထုများကို အသုံးပြု ကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့် တိုက်ရိုက်ထိတွေ့ပြီးသည့် အခါတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောပါ။
    - အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ လေကြောင်းခရီးမှ တစ်ဆင့် ၀င်ရောက်လာသော ပြည်တွင်း/ပြည်ပခရီးသွားများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက်  ကျန်းမာရေး ဆိုင်ရာအကြံပေးချက် (Travel Advice)ကို လိုက်နာပါ။
Read 244 times Last modified on Tuesday, 18 February 2020 12:09