SJ WorldNews - шаблон joomla Авто

လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ခြေပူးလက်ပူးနှင့်မီးလောင်ဒဏ်ရာ လူနာများအား အခမဲ့ ခွဲစိတ် ကုသပေးလျက်ရှိ

Wednesday, 19 February 2020 09:53 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် အစိုးရအဖွဲ့၏  ဦးဆောင် လမ်းညွှန်မှုဖြင German Interplast အဖွဲ့မှ နိုင်ငံခြားသား ဆရာဝန်များနှင့် ဒေသခံမြန်မာ ဆရာဝန်များ၊ ကျန်းမာရေး ၀န်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့်  ကယားပြည်နယ် အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုကို ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲပိုင်းကလွိုင်ကော်မြို့   လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့်  မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး German Interplast tzGJUrS wm0ef&dSol Dr. Herbert Bauer  အဖွဲ့မှ တာဝန်ရှိသူ Dr. Herbert Bauerက ဆေးကုသပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား အဖွဲ့များ၏ ကိုယ်စား မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ထူးနိုင်လင်း ကုမ္ပဏီဒါရိုက်တာ ဦးသိန်းဝင်းနှင့်မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် လင်းရွှေစင်ကုမ္ပဏီတို့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများအား ဆေးနှင့် ဆေးစစ်ဆေးမှုတွင် အသုံးပြုရန် ငွေကျပ် ငါးသိန်းစီ  စုစုပေါင်းငွေကျပ်၁၀ သိန်းကို  ပေးအပ်လှူဒါန်းရာ  လွိုင်ကော်ပြည်သူ့ ဆေးရုံအုပ်ကြီး    ဒေါက်တာခင်စန်းမြင့်က   လက်ခံရယူပြီး German Interplast အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများ၏   ကျန်းမာရေး ဆေးစစ်ဆေးခြင်းများ   ဆောင်ရွက်ပေးကြသည်။

အဆိုပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများအားအခမဲ့ ခွဲစိတ်ကုသပေးမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး ကယားပြည်နယ် အတွင်းရှိ ရပ်ဝေးရပ်နီးပြည်သူများ မည်သူမဆိုလာရောက် ကုသနိုင်ကြောင်း သိရသည်။

                  

Read 269 times Last modified on Wednesday, 19 February 2020 09:55