SJ WorldNews - шаблон joomla Авто

ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ကလေး လေစုပ်စက် တစ်လုံးနှင့် Patient Monitor ၀ယ်ယူရန် အလှူငွေ လှူဒါန်း

Monday, 24 February 2020 09:27 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့   ကလေးလေစုပ်စက် တစ်လုံးနှင့် Patient Monitor ၀ယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာစန်းယုကိုက မြို့နယ်အတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ၊ ပြည်သူ့ဆေးရုံ အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး ကလေးမွေးဖွားရာတွင် အသုံးပြုသော ငွေကျပ်ခုနစ်သိန်း တန်ဖိုးရှိ ကလေး လေစုပ်စက် (Vaccum  Delivery  Machine))ကို အလှူရှင် ဦးခင်မောင်ဝင်း(အင်ဂျင်နီယာမှူးကြီး)- ဒေါ်မိုးစန်္ဒီအောင် မိသားစု မန္တလေးမြို့တို့က လည်းကောင်း၊ ဆေးရုံအတွက် လိုအပ်နေသော Patient Monitor (ခွဲစိတ်လူနာ အခြေအနေကို စောင့်ကြည့်သည့်စက်) ၀ယ်ယူရန်အတွက် ငွေကျပ် ၁၁၅၀၀၀၀ ကိုအမေရိကန်နိုင်ငံနေ David& Karen (ဒေါ်ခင်ယုံ) Johnson မိသားစုတို့က လည်းကောင်း လှူဒါန်းရာ ဒေါက်တာစန်းယုကို၊ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးမြင့်မောင်(ခ) ဦးဖိုးနီနှင့် အဖွဲ့ဝင်များက လက်ခံရယူကြောင်း သိရသည်။

Read 366 times Last modified on Monday, 24 February 2020 09:28