SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်

Thursday, 27 February 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု   စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ Arizona ပြည်နယ်ွ Gilbert မြို့တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Harbin မြို့တွင် သုံးလခန့် နေထိုင်ခဲ့ပြီး (၂၀-၂-၂၀၂၀)ရက်မှ (၂၂-၂-၂၀၂၀)ရက်အထိမလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ (၂၂-၂-၂၀၂၀)ရက်တွင် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး(၂၅-၂-၂၀၂၀)ရက် ညနေပိုင်းတွင် အန်ခြင်း၊  ၀မ်းသွားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်အပူချိန် အနည်းငယ်မြင့်တက်ခြင်း စသည့်ရောဂါလက်္ခဏာများ ခံစားခဲ့ရသဖြင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့   (၂၆-၂-၂၀၂၀)ရက် နံနက် ၆ နာရီခန့်တွင် သွားရောက်ပြသခဲ့ရာ  ဝေဘာဂီ အထူးကုဆေးရုံသို့  ညွှန်းပို့ခဲ့သည်။

အဆိုပါလူနာအား  စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး၎င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့   ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။ အဆိုပါ လူနာအားစစ်ဆေးရာတွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

ယနေ့(၂၆-၂-၂၀၂၀)ရက် ည ၈ နာရီအထိ လူနာနှစ်ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး   ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် သွားမည်ဖြစ်သည်။

(၂၆-၂-၂၀၂၀)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း   ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ်္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့အပါအ၀င် ကမ္ဘာ့နိုင်ငံ ၃၄ နိုင်ငံတွင် COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။  

Read 263 times Last modified on Thursday, 27 February 2020 09:29