SJ WorldNews - шаблон joomla Авто

မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်

Tuesday, 03 March 2020 10:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ကျန်းမာရေး ဆေးပေးခန်း၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊   ဆေးတိုက်ခြင်း လုပ်ငန်းကို  မတ် ၂ ရက်   နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာဒီပရပ်ကွက် တာဝန်ခံ ဘက်စုံသားဖွားဆရာမ ဒေါ်ပုလဲဂေလုမြာက ဆေးထိုး၊ ဆေးတိုက်ရက်များတွင် ပျက်ကွက်မှုမရှိစေရေး  အလေးထား ဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ အကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါ (ရိုတာဗိုင်းရပ်)သည် အသက်ငါးနှစ်အောက် ကလေးငယ်များတွင်  ရောဂါပိုး ကူးစက်လွယ်ကြောင်း၊ ရိုတာဗိုင်းရပ်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအထိ ကလေးငယ် ၃၂ ဦးကို လစဉ် ကာကွယ်ဆေးများဖြစ်သော BCG ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်PCV  ကာကွယ်ဆေး၊ပိုလီယိုအစက်ချနှင့် ထိုးဆေး၊ ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ရိုတာဗိုင်းရပ် ကာကွယ်ဆေးနှင့် အသက်တစ်နှစ်ခွဲပြည့်ပြီးသော ကလေးငယ်များအား    ငါးမျိုးစပ် ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင် မိခင်ကိုးဦးအား မေးခိုင်ကာကွယ်ဆေး ထိုးပေးကြောင်း သိရသည်။

ယင်းနောက်   ကျန်းမာရေး တာဝန်ရှိသူများက တက်ရောက်လာကြသော မိခင်များကို ကျန်းမာရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးကြောင်း သိရသည်။          

Read 213 times Last modified on Tuesday, 03 March 2020 10:23