SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါနှင့်ပတ်သက်သည့် ဆေးနှင့် ဆေးပစ္စည်းများ ပံ့ပိုးဖြန့်ဖြူးကြသူများ၊ ဝယ်ယူ လှူဒါန်းမည့်သူများ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိ

Wednesday, 25 March 2020 08:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၂၄

Coronavirus Disease(COVID-19) ရောဂါနှင့် ပတ်သက်၍ ပြည်ပမှ မှာယူ တင်သွင်းကြမည့် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးဖြန့်ဖြူးကြသူများနှင့် ဝယ်ယူ လှူဒါန်းမည့်သူများ အဆင်ပြေစေရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်ထံမှ သိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းအနေဖြင့် ဆေးနှင့်ဆေးပစ္စည်း အရောင်းအဝယ်နှင့် ဈေးနှုန်း ကိစ္စရပ်များတွင် ရောင်းသူနှင့်ဝယ်သူအကြား ဝင်ရောက်ပါဝင်မည် မဟုတ်ဘဲ လှူဒါန်းလိုသူ၊ အသုံးပြုလိုသူနှင့် ရောင်းသူအကြား အချိတ်အဆက်မိရန်သာ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ရရှိ၍ လှူဒါန်းလိုကြသည့် အလှူရှင်များ အနေဖြင့်လည်း အသင်းသို့ ဆက်သွယ်၍ ပူးပေါင်း လှူဒါန်းနိုင်ကြောင်း သိရသည်။

၎င်းအပြင် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အတွက် ဆေးပစ္စည်း၏ စံချိန်စံညွှန်း၊ အရည်အသွေး ဖော်ပြချက်ပါသော ဈေးနှုန်းအဆိုပြုလွှာ (Quotation) များအား သက်ဆိုင်ရာ ဌာနများမှ ယခုရက်ပိုင်းတွင် တောင်းခံလျက်ရှိကြောင်း၊ အသင်းဝင်များဖြစ်သော ဆေးနှင့်ဆေးပစ္စည်း ရောင်းချသူများ၏ Email Address Update ရှိရန် လိုအပ်ခြင်းကြောင့် Update   Email   Address  များအား အသင်းရုံးသို့ ဆက်သွယ်ပေးပို့ကြရန် အသင်းဝင်များအား   နှိုးဆော်ထားကြောင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် Quotation တောင်းခံသည့် အကြောင်းကြားစာများ မရရှိကြသည့်   အသင်းဝင်များအတွက်  မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းရုံးခန်းရှိ Notice Board ၌ အသိပေးဖော်ပြထားကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Read 84 times Last modified on Wednesday, 25 March 2020 08:07