SJ WorldNews - шаблон joomla Авто

ကလိန်အောင်မြို့၌ COVID-19 ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Thursday, 26 March 2020 08:10 font size decrease font size decrease font size increase font size increase font size

ကလိန်အောင်  မတ်  ၂၅

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင် စစ်ဆေးရေးဂိတ်၌ မတ် ၂၄ ရက် ညနေပိုင်းက စတင်၍ ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့  စစ်ဆေးဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မလွှဲတောင်စစ်ဆေးရေးဂိတ်မှ  ဒုတိယရဲမှူး  ထွန်းလှရှိန်၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဇမ္ဗူသီရိ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ခရီးသည်များအား ကျန်းမာရေး ကြပ်မတ်စစ်ဆေးခြင်း၊ ပြည်ပမှ  ပြန်လာသူများရှိပါကလည်း ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခြင်းနှင့်  ၁၄ ရက်အတွင်း မိမိနေအိမ်မှ လူအများအကြား သွားလာမှု မရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read 155 times Last modified on Thursday, 26 March 2020 08:11