SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Saturday, 28 March 2020 12:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီ၌ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက် ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်/ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြုစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

၂၆-၃-၂ဝ၂ဝ ရက် ည ၆ နာရီမှ ၂၇-၃-၂ဝ၂ဝ ရက် ည ၆ နာရီအထိ စောင့်ကြည့် လူနာအသစ် ၄၇ ဦးရှိသည်။

ယနေ့ ၂၇-၃-၂ဝ၂ဝ ရက် ည ၈ နာရီအထိ စောင့်ကြည့်လူနာ ၆၈ ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲ အဖြေများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာငါးဦးအနက် ချင်းပြည်နယ် တီးတိန် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက် ရှိသော လူနာတစ်ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာနှစ်ဦးနှင့် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသော လူနာတစ်ဦး စုစုပေါင်း လေးဦးတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြု လူနာအား ၂၇-၃-၂ဝ၂ဝ ရက် နံနက်ပိုင်းတွင် ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

Read 62 times Last modified on Saturday, 28 March 2020 12:09