SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ မီးရထားတွဲများကို ဗိုင်းရပ်ကူးစက်ခံရသူများအတွက် သီးသန့်အဆောင်အဖြစ်အသုံးပြုမည်

Sunday, 29 March 2020 10:53 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူများအတွက် မီးရထားတွဲများကို သီးသန့်အဆောင်များအဖြစ် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကူး စက်ခံရသူအရေအတွက် များပြားလာသဖြင့် သီးသန့်ခွဲထားသည့် နေရာများ ပြတ်လပ်မှု ကြောင့် မီးရထားတွဲများကို သီးသန့်အဆောင် အဖြစ်ထားရှိရန် အစိုးရကဆုံးဖြတ်ခြင်းဖြစ်

သည်။

သီးသန့်အဆောက်အအုံများပြတ်လပ်မှု ကို ဖြည့်တင်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ မီးရထားတွဲ ၂ဝဝဝဝ ကို သီးသန့်အဆောင် ၁ဝဝဝဝ အဖြစ်အသုံးပြုမည်ဖြစ်ပြီး ၄င်းသီး သန့်ဆောင်များတွင် လူနာများနှင့်ဆေး ဝန်ထမ်းများကို ထားရှိမည်ဖြစ်သည်။

မီးရထားတွဲများအပေါ်တွင်   ဆေးရုံ အခန်းများကဲ့သို့လိုက်ကာများနှင့် ဆေးရုံသုံး စားပွဲများကိုလည်း  ပြင်ဆင်ထားကြောင်း  မတ်၂၈ ရက်တွင် လူမှုကွန်ရက်၌ ဖော်ပြ ထားသောဓာတ်ပုံများတွင်    တွေ့ရ သည်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပေးချက်အရ အဆိုပါအစီအစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း NCRျ မီးရထားဌာနမှ အထွေထွေမန်နေဂျာ ရာဂျီချက်ဟာရီ၏ ပြောဆိုချက်ကို ကိုးကား ၍ သတင်းဌာနများကဖော်ပြသည်။

နယူးဒေလီမြို့၌ ရပ်နားလျက်ရှိသော အဝေးပြေးမီးရထားတစ်စင်းတွင် မီးရထားတွဲ ၁ဝ တွဲပါဝင်ပြီး သီးသန့်အဆောင်အဖြစ် ထားရှိမည့်မီးရထားတွင် ဆရာဝန်များ၊ ဆေးဘက်အကူများနှင့် သူနာပြုများပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူနာများ အသုံးပြုရန်အတွက် ရေချိုးခန်းအကြီးတစ်ခုလည်းရှိမည်ဖြစ်ပြီး လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ နှင့်  လျှပ်စစ်မီးအလုံအလောက်ထားပေး မည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်သည့်အနေဖြင့် ဧပြီ ၁၄ ရက်အထိ နိုင်ငံသား ၁ ဒသမ ၃ ဘီလီယံကို အပြင် ထွက်ခွင့်ပိတ်ထားပြီး ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းအားလုံးကို ထိုအချိန်အထိရပ်ဆိုင်း ထားကြောင်း သိရသည်။

Ref: Sputnik

Read 137 times