SJ WorldNews - шаблон joomla Авто

အရေးပေါ်ကြေညာချက်ထုတ်ပြန်ရန်မလိုအပ်သေးဟုပြောလိုက်သည့် ဂျပန်ဝန်ကြီးချုပ်

Sunday, 29 March 2020 10:54 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း COVID-19 ရောဂါပိုး ကူးစက်မှုနှင့်စပ်လျဉ်း၍ အစိုးရက အရေးပေါ် ကြေညာချက်ထုတ်ပြန်ရန်  မလိုအပ် သေးကြောင်းနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ပိတ်ဆို့မည်ဆိုပါက နိုင်ငံ့စီးပွားရေးအား  ကြီးမားစွာထိခိုက်လာနိုင်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ် ၂၇ ရက်တွင်  သတိပေးပြောကြားသည်။

လက်ရှိတွင် အစိုးရအနေဖြင့် နိုင်ငံ အတွင်း အရေးပေါ်ကြေညာချက်ထုတ်ပြန် ရန်မလိုအပ်သေးကြောင်း၊ တိုကျိုမြို့သည် လူနေထူထပ်သည့်  မြို့ကြီးတစ်မြို့ဖြစ် သောကြောင့် အစိုးရအနေဖြင့် ဆီလျော်မှု ရှိစွာ တုံ့ပြန်လုပ်ဆောင်ရန်လိုအပ်ကြောင်း  အာဘေးက   ပါလီမန်တွင်   မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။

ဂျပန်နိုင်ငံ၌  ရောဂါပိုးကူးစက်ခံထား ရသူဦးရေမှာ ၁၄ဝဝ အထိ မြင့်တက်လာ ခဲ့ပြီးနောက် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ် လုပ်ဆောင်ရန် အထူးတာဝန်အဖွဲ့တစ်ဖွဲ့ ကို အစိုးရက မတ် ၂၆ ရက်တွင် ဖွဲ့စည်း ပေးခဲ့ပြီးဖြစ်သည်။

ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် တိုကျိုမြို့ရှိ သန်းပေါင်းများစွာသောပြည်သူများကို ဧပြီ ၁၂ ရက်အထိ အပြင်သို့မထွက်ဘဲ မိမိတို့၏နေအိမ်များ ၌သာ နေထိုင်ကြရန် မြို့တော်ဝန်ယူရီကိုကို အီကေကတိုက်တွန်းထားသည်။

ထို့ပြင်  အစိုးရသည်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား တိုကျိုမြို့ရှိ နာရီတာ လေဆိပ်နှင့် ဟာနေးဒါလေဆိပ်တို့တွင် ဖြန့်ကြက်၍ ရောဂါပိုး ကူးစက်ခံရသည်ဟု  သံသယရှိသူများကို  သယ်ယူပို့ဆောင် ပေးခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် ပါဝင် ကူညီပေးရန်ညွှန်ကြားထားသည်။

ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံ့စီးပွား ရေးသည် လက်ရှိတွင် အလွန်ဆိုးရွားသည့် အခြေအနေတွင်ရှိနေပြီး   နိုင်ငံသည်  ရောဂါပိုးကူးစက်မှုမှ ပြန်လည်နာလန်ထူ မည့်အလားအလာဘက်သို့ ပြောင်းလဲလာ သော်လည်း   စီးပွားရေးအခြေအနေမှာ  ဆက်လက်ဆိုးရွားနေသေးကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒဝန်ကြီး ယာဆူ တိုရှီနီရှီမူရာက အစောပိုင်းတွင် ပြောကြား သည်။

တိုကျိုမြို့အနောက်ပိုင်းရှိ  ဆေတာ ဂါယာဒေသရှိ ထင်ရှားသည့်စားသောက် ဆိုင်များနှင့်   ဈေးဆိုင်အများအပြားမှာ ရောဂါပိုးကူးစက်မှုကို  ထိန်းချုပ်နိုင်ရေး အတွက် ပိတ်ထားရခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုအပေါ်များစွာ ထိခိုက်စေသည်။

ထို့ကြောင့်   စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရေးအတွက် အစိုးရအနေဖြင့် အပိုအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၃၅  ဘီလီယံအပါအဝင် စီးပွားရေးအထောက် အကူပြုဆောင်ရွက်ချက်များကို ဖော်ဆောင် မည်ဖြစ်သည်။

သို့ရာတွင် ထိုသို့သောအခြေအနေမျိုး ၌ အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ ကို  ထုတ်ပြန်ခြင်းမပြုသေးဘဲ  ၄င်းတို့ တတ်စွမ်းသမျှ နည်းလမ်းမျိုးစုံအသုံးပြု၍လုပ်ဆောင်လျက်ရှိသည်။

Ref: Sputnik, Japan Times, NY Times

Read 199 times