Print this page

PPE ဝတ်စုံနှင့် ဆေးဖျန်းစက်လှူဒါန်း

Thursday, 30 April 2020 08:31 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကော့ဘိန်းတိုက်နယ် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံနှင့် ဆေးဖျန်းစက်ကို ဧပြီ ၂၈ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံ၌ အလှူရှင်မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကော့ဘိန်းတိုက်နယ် COVID-19 ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူရှင်ဖြစ်သည့် ကော့ဘိန်းတိုက်နယ် နောင်ခေတ်ကျေးရွာနေ ဦးမင်းအောင်ကျော်မွန်-ဒေါ်မိမိုးမိုးခိုင် မိသားစုက တိုက်နယ်ဆေးရုံအတွက် PPE ဝတ်စုံအစုံ ၄ဝ၊ ဆေးဖျန်းစက်တစ်လုံး၊ ကော့ဘိန်းကျေးရွာ လူမှုကူညီရေးအသင်းအား PPE ဝတ်စုံ ငါးစုံ၊ ကော့ပေါက်ကျေးရွာ မာဃလူမှုကူညီရေး အသင်းအား PPE ဝတ်စုံငါးစုံတို့ကို ပေးအပ်လှူဒါန်းရာ တိုက်နယ်ဆေးရုံအုပ် ဒေါက်တာရဲဇာနည်ဝင်း၊ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က  လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရသည်။

 

Read 162 times Last modified on Thursday, 30 April 2020 08:32