SJ WorldNews - шаблон joomla Авто

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ခေတ္တ ရွှေ့ဆိုင်းကြောင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို အသိပေး

Friday, 01 May 2020 09:57 font size decrease font size decrease font size increase font size increase font size

လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို မေလတွင် ပြန်လည်စတင်ရန် လျာထားခဲ့သော်လည်း လက်ရှိရောဂါ ကူးစက်မှု အခြေအနေကြောင့် ထပ်မံရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါသည်။

ကာကွယ်ဆေးထိုး စုရပ်များမှတစ်ဆင့် ကာကွယ်ဆေး လာထိုးသော ကလေးငယ်များ၊ ကလေးအုပ်ထိန်းသူ/ မိဘများနှင့် ကျန်းမာရေး ဝန်ထမ်းများကို ရောဂါ မကူးစက်စေရန် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို မေလတွင် မထိုးသေးဘဲ ထပ်မံရွှေ့ဆိုင်းရခြင်း ဖြစ်ပါသည်။

ဆေးရုံများတွင် ထိုးနှံပေးလျက်ရှိသော အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး(မွေးကင်းစ)၊ ဘီစီဂျီကာကွယ်ဆေး(မွေးကင်းစ)နှင့် မေးခိုင်-ဆုံဆို့ ကာကွယ်ဆေး (ကိုယ်ဝန်ဆောင်)များကို ဆက်လက်ထိုးနှံ ပေးပါမည်။ ထို့ပြင် ဆေးရုံတက် ကုသမှုခံယူပြီး ဆေးရုံဆင်းမည့် ကလေးများကိုလည်း အကြိမ်ပြည့်ရန် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံပေးပါမည်။

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ကြိုတင်အသိပေး၍ အမြန်ဆုံး ပြန်လည်စတင် သွားမည်ဖြစ်ရာပြန်လည်စတင်မည့် အချိန်တွင် မိဘပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များကို တိကျစွာ လိုက်နာ၍ မိမိကလေးများကို မပျက်မကွက် ကာကွယ်ဆေးထိုး/ တိုက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Read 148 times Last modified on Friday, 01 May 2020 09:58