Print this page

ရွှေမြင့်မိုရ်အထွေထွေကု-စက္ခုဒါန မျက်စိဆေးရုံကို Quarantine Center ဖွင့်မည်

Friday, 01 May 2020 18:06 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး   ချောင်းဦးမြို့၌ COVID-19 ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရန် ခင်မွန်ကျေးရွာ ရွှေမြင့်မိုရ်အထွေထွေကု- စက္ခုဒါနမျက်စိဆေးရုံကို Quarantine Center အဖြစ်ထားရှိရန်  ဧပြီ ၃ဝ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် ရွှေမြင့်မိုရ်အထွေထွေကု-စက္ခုဒါနမျက်စိဆေးရုံ၏ ပဓာနနာယက ရွှေမြင့်မိုရ် ဆရာတော် ဦးဝိသုတ၊ ချောင်းဦးမြို့နယ်  COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးစိုးထွန်းအောင်၊ ရွှေမြင့်မိုရ် အထွေထွေကု-စက္ခုဒါနမျက်စိဆေးရုံ၏ တာဝန်ခံ ဒေါက်တာကျော်သူထက် တို့က ရွှေမြင့်မိုရ် အထွေထွေကု-စက္ခုဒါန မျက်စိဆေးရုံ အတွင်းသို့ လှည့်လည် ကြည့်ရှုကြသည်။

ချောင်းဦးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ ပြည်ပနိုင်ငံ အသီးသီးမှ ပြန်လည် ရောက်ရှိလာသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြားများမှ ပြန်လည်ရောက်ရှိလာသူများကို COVID-19 ရောဂါ ဒေသတွင်း ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်၊  ခင်မွန်ကျေးရွာ ရွှေမြင့်မိုရ် အထွေထွေကု- စက္ခုဒါနမျက်စိဆေးရှုံ Quarantine Center အရေးပေါ်လူနာ ၁၅ ဦး ထားရှိမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ပြောပြချက်အရ သိရသည်။

 

Read 173 times Last modified on Friday, 01 May 2020 18:07