SJ WorldNews - шаблон joomla Авто

ပြည်သူများ ကျန်းမာရေးအတွက် Fever Clinic ဆေးခန်း အခမဲ့ ဖွင့်လှစ် ကုသပေးလျက်ရှိ

Monday, 04 May 2020 08:55 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး  မြင်းခြံမြို့ အာယုပါလ ဆေးခန်း၌  ယခုကာလအတွင်း ပြည်သူများနှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများ ကုသနိုင်ရန်အတွက် Fever  Clinic ဖွင့်လှစ်ကုသပေးလျက် ရှိကြောင်း သိရသည်။

မြင်းခြံမြို့ အာယုပါလ ဆေးခန်း၌ ရာသီကူးပြောင်းကာလ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများ ရှိလာပါက ဆေးခန်းများသို့ လာရောက်ပြသရာတွင် အခက်အခဲ မရှိစေရန် င်္ Fever Clinic ဆေးခန်းကို အခမဲ့ဖွင့်လှစ် ကုသပေးလျက်ရှိပြီး COVID-19 ရောဂါလက္ခဏာများ တွေ့ရှိပါက ဆေးရုံသို့ အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ထားကြောင်း Fever Clinic တွင် ကုသပေးနေသော ဒေါက်တာအောင်ချမ်းဟန်က ပြောသည်။

Fever Clinic ဆေးခန်းဖွင့်လှစ်ရာ၌ ပန်းပျိုးလက် ပရဟိတ အသင်းကလည်း ပါဝင်လုပ်အားပေး လုပ်ဆောင်ကူညီလျက်ရှိပြီး Fever Clinic ဆေးခန်းကို နေ့စဉ်နံနက် ၈ နာရီမှနံနက် ၁၁ နာရီအထိ နေ့စဉ်မပြတ် ဖွင့်လှစ်ထားကာ ဆေးခန်း ကုသချိန်ပြီးပါက အဖြူရောင်လက်များ ပရဟိတအသင်းကလည်း  နေ့စဉ် Fever Clinic ဆေးခန်းသို့  ပိုးသတ်ဆေးများ လာရောက် ဖျန်းပေးလျက် ရှိကြောင်း သိရသည်။

 

Read 278 times Last modified on Monday, 04 May 2020 08:57