SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါဖြစ်ပွားစဉ် နေအိမ်တွင်နေထိုင်ခြင်း(Stay at Home)ကာလအတွင်း ကျန်းမာစွာနေ ထိုင်နိုင်ရေးလိုက်နာဆောင်ရွက်ရန်အချက်များ

Monday, 25 May 2020 09:13 font size decrease font size decrease font size increase font size increase font size

(က)     တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ပါ

* အထူးသဖြင့် အသက် ၆ဝ နှစ်နှင့်အထက် ရှိသူများ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ အသည်းနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါရှိသူများ ရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးနိုင်ခြေ အလွန်များသောကြောင့်။

*   အိမ်တွင်ဧည့်သည်လက်မခံပါနှင့်။

()       မဖြစ်မနေအပြင်ထွက်ရပါက  ပါးစပ်နှင့်  နှာခေါင်းစည်း(Mask)တပ်ဆင်ရမည်။

()       နှာချေချောင်းဆိုးပြီးတိုင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်

ပြီးတိုင်း၊ ငွေစက္ကူပိုက်ဆံလက်ခံကိုင်တွယ်ပြီးတိုင်း၊ အပြင်မှ ပြန်လာသည့်အခါတိုင်းမှာလက်ကို အနည်းဆုံး စက္ကန့် ၂ဝ ကြာအောင် စနစ်တကျဆေးကြောပါ။

()     ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်သာ ဈေးဝယ်ထွက်ပါ။ မိသားစုဝင်တစ်ဦးသာသွားရောက် ဝယ်ယူပါ။

-    ဈေးရောင်းသူနှင့် ဝယ်သူအကြား (သို့) ဈေးဝယ်သူအချင်းချင်းကြား အနည်းဆုံး () ပေခွာ၍ ဈေးဝယ်ပါ။

-    အပြင်မှဝယ်ယူလာသည့်ပစ္စည်းများကို အိမ်အဝင်ဝတွင် အိတ်ထဲမှ ခြင်းတောင်း(သို့) ပုံးထဲသို့ပြောင်းထည့်ပါ။ ရေနှင့်ဆေးကြောနိုင်သည့်ပစ္စည်းများ၏ မျက်နှာပြင်များကို ဆပ်ပြာနှင့်ရေသုံး၍ ဆေးကြောပါ။

-    အပြင်ထွက်စဉ်က ဝတ်ဆင်သွားသော အဝတ်များကို အိမ်ရောက်သည်နှင့် ချက်ချင်း လဲလှယ်ပါ။ ၎င်းအဝတ်များကို ချက်ချင်းဆပ်ပြာနှင့် မိနစ် ၃ဝ ကြာ စိမ်ပြီးနောက် လျှော်ဖွပ်သန့်စင်ပါ။

-    ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်းလုပ်ဆောင်ပါ။ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင် ခြင်းမပြုမီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ပါနှင့်။

()       နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး(သို့)တံတောင်ကွေးအသုံးပြုပြီး နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ။ အသုံးပြုပြီးတစ်ရှူးကို အဖုံးပါသောအမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။

()       အများသုံးပစ္စည်းများဖြစ်သည့်တံခါးလက်ကိုင်၊ လှေကားလက်ရန်း စသည်တို့ကို မကြာခဏ စနစ်တကျ သန့်စင်ဆေးကြောပါ။

()     မိသားစုဝင်၊ အတူနေထိုင်သူအချင်းချင်း နီးနီးကပ်ကပ်မနေပါနှင့်။

()       သင့်လျော်ပြီး မပြင်းထန်သောကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။

()      လူမှုကွန်ရက်၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်များကို ဆက်သွယ်ပြောဆိုပါ။

()     တရားထိုင်ခြင်း၊ ဘုရားဝတ်ပြုဆုတောင်းခြင်း စသည့်ယုံကြည်ရာဘာသာရေးလုပ်ငန်း များကို နေအိမ်၌ တစ်ဦးချင်းသာပြုလုပ်ပါ။

()       ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ယုံကြည်စိတ်ချရသော သတင်းဌာနများမှ သတင်းများနှင့် လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက်နာပါ။

()       ဆေးရုံ၊ ဆေးခန်းများသို့သွားပါက လူနာ၊ အဖော်တစ်ဦးနှင့်ယာဉ်မောင်းတစ်ဦး စုစုပေါင်း သုံးဦးသာ သွားရောက်ပါ။

()       မိမိကိုယ်တိုင်ဖြစ်စေ၊ အိမ်သားတစ်ဦးဦးတွင်ဖြစ်စေ အဖျား 38.C/ 100.4.Fအထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်  COVID-19 ရောဂါသံသယ လက္ခဏာများရှိပါက နီးစပ်ရာကျန်းမာရေးဌာန(သို့)အုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ် အကြောင်းကြား ပူးပေါင်းဆောင်ရွက်ပါ။      

 

Read 68 times Last modified on Monday, 25 May 2020 09:14