SJ WorldNews - шаблон joomla Авто

မရမ်းကုန်းမြို့နယ်၌ ဖျားနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်

Wednesday, 03 June 2020 09:26 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း ဘောလုံးကွင်းအတွင်း ဖျားနာကုဆေးခန်း(Fever Clinic) ကို ဇွန် ၂ ရက်တွင် ဖွင့်လှစ်ပြီး ဖျားနာလူနာများကို  စစ်ဆေးခြင်းနှင့် COVID-19 ရောဂါ သံသယလူနာများ စစ်ဆေးခြင်းတို့ကို အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

''အခုကာလက မိုးဦးကျနေပြီဆိုတော့ ရာသီအကူးအပြောင်းမှာ ဖျားနာလူနာတွေ လာမယ်။ ဒါကို ကျန်းမာရေး ဝန်ဆောင်မှုတွေ အခမဲ့လုပ်ပေးမယ်။ ပြီးတော့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သံသယလူနာတွေကိုလည်း စစ်ဆေးတာတွေ လုပ်ပေးသွားပါမယ်။ ပြည်သူတွေအနေနဲ့လည်း ဒီကာလမှာ COVID-19

 

 ရောဂါဖြစ်ပွားနေတဲ့ အတွက် လူတိုင်း Mask တပ်ကြပါ။ Social Distancing လုပ်ကြပါလို့ ပြောချင်တယ်'' ဟု မရမ်းကုန်းမြို့နယ် Fever Clinic ဆေးခန်းတာဝန်ခံ ဒေါက်တာရဲလင်းစိုးက ပြောသည်။

 

ထိုဆေးခန်း၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း အထွေထွေရောဂါကု ဆေးရုံကြီးများရှိ ဖျားနာကုဌာနများမှ ဆရာဝန်ကြီးများက   အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ရက်သတ္တပတ်တွင် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်မည်ဖြစ်သည်။ အဓိကအားဖြင့် ရာသီအကူးအပြောင်းတွင် အဖြစ်များသော ကိုယ်အပူချိန်တက်ခြင်း၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေးဖြစ်နေသည့်လူနာများ၊  ရုတ်တရက် အနံ့၊  အရသာပျောက်သော လူနာများ၊ COVID-19 ရောဂါ Positive  လူနာနှင့် ထိတွေ့ဖူးသူများ၊   ခရီးသွား ရာဇဝင်ရှိသူများနှင့် COVID-19 ရောဂါသံသယ လူနာများကို စစ်ဆေးကာ လိုအပ်လျှင် ဆေးရုံသို့  ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။            

 

Read 78 times Last modified on Wednesday, 03 June 2020 09:30