SJ WorldNews - шаблон joomla Авто

ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

Thursday, 04 June 2020 09:24 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနမှ ရပ်ရွာအခြေပြု ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်း လုပ်ငန်းကို ဇွန် ၂ ရက် နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၅)ရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတို့၌ ဆောင်ရွက်သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် အသက် နှစ်လမှ တစ်နှစ်ခွဲကလေးငယ်များကို ကာကွယ်ဆေး ၁၂ မျိုးအား အသက် အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်ပြီးကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရန် လာရောက်သူများအား လူစုလူဝေး မဖြစ်စေရန်၊ လာရောက်သည့် ကလေးမိခင်များ အနေဖြင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်

လာရန်နှင့် ကာကွယ်ဆေးထိုးဆေးတိုက် လာရောက်သူများ လက်ဆေးရန် နေရာများ ဆောင်ရွက်ပေးထားကြောင်း  သိရသည်။

 

Read 91 times Last modified on Thursday, 04 June 2020 09:24