SJ WorldNews - шаблон joomla Авто

အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ဌာန ရှစ်ထပ် အဆောက်အအုံ (မန္တလေး)ကို ငွေကျပ်သန်း ၁၂ဝဝ ခန့် အကုန်အကျခံ၍ တည်ဆောက်သွားမည်

Wednesday, 17 June 2020 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယမန်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့  အထွေထွေရောဂါကု ဆေးရုံကြီးဝင်း အတွင်း၌ သူရိန်ကျော်စိုးဝင်း ကုမ္ပဏီပိုင်ရှင်ဦးကျော်ဝင်းနှင့် ဒေါ်ခင်ထွေးမိသားစုမှ ငွေကျပ်သန်း ၁၂ဝဝ ခန့်အကုန်အကျခံ၍ လှူဒါန်းမည့်    အသည်းနှင့် သည်းခြေလမ်းကြောင်း ဆိုင်ရာဌာန     ရှစ်ထပ် အဆောက်အအုံ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်၍   မန္တလေးမြို့  အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၊ အလှူရှင် ဦးကျော်ဝင်းနှင့် အဖွဲ့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးဝင်း အတွင်း၌ အသည်းနှင့် သည်းခြေလမ်းကြောင်း ဆိုင်ရာဌာန ရှစ်ထပ်အဆောက်အအုံ ဆောက်လုပ် လှူဒါန်းမည့် ကိစ္စသည် လူနာများနှင့် ဝန်ကြီးဌာနအတွက် အလွန်အကျိုးရှိပြီး အလွန်မွန်မြတ်သော အလှူဖြစ်၍ သဘောတူခွင့်ပြုပြီး အမြန်ဆုံးစတင် တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာ မောင်ဝင်းနှင့်     အခြား တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

Read 43 times Last modified on Wednesday, 17 June 2020 09:25