SJ WorldNews - шаблон joomla Авто

ဒေါင်းဆင်ဒရုန်း ရောဂါရှိသူများအတွက် အကြားအာရုံ အကြောင်း အသိပညာပေး ဟောပြော

Monday, 16 October 2017 09:23 font size decrease font size decrease font size increase font size increase font size

မန္တလေး အောက်တိုဘာ ၁၅

မွေးရာပါရုပ်ပိုင်းဆိုင်ရာနှင့် တွေးတောဆင်ခြင်မှု ဉာဏ်ရည်နှောင့်နှေးပြီး သီးခြားသွင်ပြင် လက္ခဏာ (ဒေါင်းဆင်ဒရုန်း) ရောဂါရှိသူများ အတွက် အကြားအာရုံ အသိပညာပေး ဟောပြောခြင်းနှင့် အကြားအာရုံ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းရှိ     ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းပညာဒါနကျောင်းဆောင်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီနာယက အဖွဲ့ဝင်    မြို့တော်ဝန်၏ဇနီး ဒေါက်တာလှမျိုးခင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် New Hope Association (မန္တလေး)ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က အကြားအာရုံ  အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ဒေါက်တာနှင်းငွေဖြူက ဒေါင်းဆင်ဒရုန်းနှင့် ကျန်းမာရေးအကြောင်းကို လည်းကောင်း၊ အသင်းအတွင်းရေးမှူး ဒေါ်အစ္စဘဲလ်က မြန်မာဒေါင်းဆင်ဒရုန်း အသင်းအကြောင်းကို လည်းကောင်း၊ ဒေါ်သန်းသန်းမော်က ဒေါင်းဆင်ဒရုန်းနှင့် ပညာရေးအကြောင်းကို လည်းကောင်း    ဟောပြောသည်။

ယင်းနောက် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကု ဆေးရုံကြီး(မန္တလေး)တွင် ကလေးငယ်များအား အကြားအာရုံ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

Read 549 times Last modified on Monday, 16 October 2017 09:24