SJ WorldNews - шаблон joomla Авто

သူနာပြု သားဖွားဒီပလိုမာသင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

Wednesday, 18 October 2017 13:23 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သူနာပြု-သားဖွားဒီပလိုမာ သင်တန်း အမှတ်စဉ်(၂၅)၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါသင်တန်းကျောင်းရှိ

သင်တန်းခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က သူနာပြုနှင့်သားဖွားပညာရပ်သည် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပြီး ပြည်သူများ၏ကျန်းမာရေးဆိုင်ရာများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ဆေးပညာဘာသာရပ်များအား ဆည်းပူး လေ့လာသွားကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်စွဲ့ ဆုမာလာနှင့်တာဝန်ရှိသူများက သင်တန်းသားနှစ်ဦးနှင့် သင်တန်းသူ၅၇ ဦးတို့ကို ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီး ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ထူးချွန်ဆုရ သင်တန်းသူ လေးဦးအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read 547 times Last modified on Wednesday, 18 October 2017 20:46