SJ WorldNews - шаблон joomla Авто

HIV ဖြစ်ပွားမှုနှုန်း များသော ဒေသများတွင် ရောဂါတိုက်ဖျက်ရေး တိုးမြှင့်မည်

Friday, 20 October 2017 09:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် HIV ဖြစ်ပွားမှုနှုန်းများသော  ဒေသများတွင် ရောဂါတိုက်ဖျက်ရေး  လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး    အပါအဝင် မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်နှင့်  ထိုင်းနိုင်ငံနယ်စပ်တို့၌  HIV  ဖြစ်ပွားမှုနှုန်းများပြားသည်ကို တွေ့ရှိရပြီး  မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူများတွင်  ၂၉ ရာခိုင်နှုန်း၊  အမျိုးသမီး လိင်လုပ်သားများတွင် ၇ ရာခိုင်နှုန်း၊    အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင်  ၁၃ ရာခိုင်နှုန်းနှင့်လိင်လုပ်သားများ၏   အမျိုးသား လိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းအထိ၊ ရောဂါပိုးကူးစက်ခံရသူ အသစ် ၉ဝ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း သိရသည်။လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အမှန်တကယ်လိုအပ်သော ဒေသများ၊ အမှန်တကယ် လိုအပ်သောသူများအတွက်  ဝန်ဆောင်မှု လက်လှမ်းမီရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး  အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်မည့်  နည်းလမ်းများ အသုံးပြုမည်ဖြစ်သည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရန်  အစိုးရ၏ ရန်ပုံငွေထည့်ဝင်မှု အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အေအာရ်တီ ဆေးကုသရေး လုပ်ငန်းများအတွက်  ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန်   အမေရိကန်ဒေါ်လာ ငါးသန်းနှင့် မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေး တိုက်ကျွေးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း   ရန်ပုံငွေခွဲဝေ ချထားပေးပြီးဖြစ်ကြောင်း သိရသည်။ 

Read 450 times Last modified on Friday, 20 October 2017 09:45