SJ WorldNews - шаблон joomla Авто

ငှက်ဖျားရောဂါ ကင်းဝေးရေး ဆောင်ရွက်

Friday, 20 October 2017 10:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာ အုတ်တွင်းဒေသသို့ နေပြည်တော်ကောင်စီ  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (ငှက်ဖျား)

ဆရာဝန် ဒေါက်တာစိုးသန္တာနှင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာနန်းကျော့ခိုင်တို့ ဦးဆောင်သော အဖွဲ့က ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက်အရ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးဌာနမှ M/A ဦးသိန်းဌေးအောင်က ငှက်ဖျားရောဂါဖြစ်ရခြင်း အကြောင်းနှင့်ရောဂါ ဖြစ်ပွားပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေး ပြောကြားပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးမှူးအဆင့်-၁ ဒေါ်နွယ်နွယ်အုံးက ငှက်ဖျားရောဂါအကြောင်း သိကောင်း စရာများနှင့် ပတ်သက်၍  အကျယ်တဝင့် အသိပညာပေး ဆွေးနွေးသည်။

ယင်းနောက်   နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (ငှက်ဖျား)ဆရာဝန် ဒေါက်တာစိုးသန္တာ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခုတင်-၅ဝ ဆံ့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ နန်းကျော့ခိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခုတင်-၅ဝ ဆံ့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးမှူးအဆင့်-၁ ဒေါ်နွယ်နွယ်အုံး၊ ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ခင်မာစန်းနှင့် ကျန်းမာရေးဝန်ထမ်းများက သာယာဝှမ်းကျေးရွာအုပ်စု အုတ်တွင်းဒေသရှိ ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုများရှိ ကလေး၊ လူကြီး စုစုပေါင်း ၁၂ဝ ဦးအား ငှက်ဖျားရောဂါနှင့် ပတ်သက်၍ အခမဲ့သွေးဖောက် စစ်ဆေးပေးခြင်း၊ ငှက်ဖျားပိုးတွေ့ရှိပါက အခမဲ့ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့် ငှက်ဖျားရောဂါနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဝေငှခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

Read 449 times Last modified on Friday, 20 October 2017 10:53