SJ WorldNews - шаблон joomla Авто

ကလေးမြို့ ၌ သွားနှင့်ခံတွင်း ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်

Monday, 23 October 2017 11:11 font size decrease font size decrease font size increase font size increase font size

ကလေး  အောက်တိုဘာ  ၂၂

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌  ရဟန်းရှင်လူပြည်သူအများ လှူဒါန်းထားသော မဟာသန္တာရုံ ဘုန်းတော်ကြီးကျောင်း အနီးသီတဂူအာရောဂျဒါန ဆေးရုံတော်ကြီး (ကလေးမြို့)၌ 

သွားနှင့် ခံတွင်းအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုကိုနှင့် အဖွဲ့တို့က  သွားနှင့်ခံတွင်းဝေဒနာရှင်များကို အောက်တိုဘာ ၂၆ ရက်(ကြာသပတေးနေ့)မှစ၍ ခေတ်မီစက်ကိရိယာကြီးများဖြင့် ဒုတိယအကြိမ်မြောက် သွားနှင့်ခံတွင်းလူနာများကို အခမဲ့ ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

သွားနှင့်ခံတွင်း ဝေဒနာရှင်များကို အောက်တိုဘာ ၂၆ ရက်မှစ၍ နိုဝင်ဘာ ၃ ရက်အထိ အင်္ဂလန်နိုင်ငံမှ   အထူးကုဆရာဝန်ကြီး ဒေါက်တာကိုကိုနှင့်အတူ သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးငါးဦးတို့က အခမဲ့ စမ်းသပ်မှုများ၊ ဆေးကုသမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။၂ဝ၁၆ ခုနှစ်က ပထမအကြိမ်အဖြစ် သွားနှင့်ခံတွင်းလူနာ ၁ဝ၄ဝ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။  ယခုဒုတိယအကြိမ်အဖြစ် အခမဲ့ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။   

Read 383 times Last modified on Monday, 23 October 2017 11:12