SJ WorldNews - шаблон joomla Авто

ပြည်သူ့ကျန်းမာရေးနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြော

Tuesday, 24 October 2017 10:42 font size decrease font size decrease font size increase font size increase font size

ဝေါ  အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဝတ်စုံပေးအပ်ပွဲ၊ ပြည်သူ့ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ဝေါမြို့နယ် အင်းတိုင်စုကျေးရွာအုပ်စု   ပြွန်စုရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဝေါမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့်   အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ   ဒေါ်ဇင်စန္ဒာက အမှာစကား ပြောကြားသည်။

ထို့နောက် ဝေါမြို့နယ်ဥပဒေ အရာရှိ ကိုယ်စား အထက်တန်းရှေ့နေ ဒေါ်ဝင်းဝင်းအေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ်ရေးမှူး ဦးကျော်ကျော်မင်းက ပြည်သူ့ကျန်းမာရေးနှင့် ငှက်ဖျားအန္တရာယ် အကြောင်း  အသိပညာပေး ဆွေးနွေးဟောပြောသည်။

ယင်းနောက် ဝေါမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇင်စန္ဒာက တက်ရောက်လာကြသော ကျေးရွာမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်တို့ကို   ဝတ်စုံများ ပေးအပ်ကြောင်း သတင်းရရှိသည်။

Read 424 times Last modified on Tuesday, 24 October 2017 10:43