SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပျော်ဘွယ် သြဂုတ် ၂၁

မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် တီဘီရောဂါ ရှာဖွေကုသရေး စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ တီဘီရောဂါအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သာယာကုန်းကျေးရွာ၌ ကျင်းပသည်။

နေပြည်တော်   သြဂုတ်  ၂၁

ယခုနှစ်အတွင်း အခြားကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံ အတွင်း၌လည်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတကာမှ ကူညီလှူဒါန်းလျက် ရှိကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်  ၂၁

တောင်ကိုရီးယားနိုင်ငံမှ  တိုင်းရင်းဆေးဆရာဝန်  ပါမောက္ခကိုးဦးတို့ ဦးစီးသည့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ရန်ကုန်တိုင်းရင်း ဆေးရုံကြီး၌ အထွေထွေရောဂါ၊  မီးယပ်ရောဂါ၊ အရေပြားရောဂါနှင့် အကြောရောဂါ တို့ကို သြဂုတ်  ၂၂ ရက်မှ ၂၄ ရက်အထိ နေ့စဉ်နံနက်  ၉ နာရီမှ ညနေ ၅ နာရီ အတွင်း  အခမဲ့ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်   ၂ဝ

ဗန်ကောက် အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သော Hang Sheng International (Myan-mar) Co., Ltd. က မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ မြေနီကုန်း ပလာဇာ၌ ပြုလုပ်သည့် Hang Sheng International  (Myanmar) Co.,Ltd. ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

မြောက်ဦး သြဂုတ် ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦး မြို့နယ် မြက်ရိတ်ကျွန်းအုပ်စု မြက်ရိတ် ကျွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

နေပြည်တော်   သြဂုတ်   ၁၉

ယနေ့တွင် နိုင်ငံတစ်ဝန်း၌ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာဖြင့် ပြသသူ ၇၇၃ ဦးရှိသဖြင့် ယမန်နေ့ကထက် ၂၆ ဦး ပိုလာခဲ့ပြီး Influenza A(H1N1) pdm 2009 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ခြောက်ဦး ထပ်မံတိုးလာသော်လည်း ဓာတ်ခွဲအတည်ပြု သေဆုံးသူ တိုးလာခြင်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

Page 73 of 80