SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဘားအံ  သြဂုတ် 

ကရင်ပြည်နယ် အတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် အာဆီယံ သွေးလွန် တုပ်ကွေး အကြောင်း ပြည် သူများအကြား ကျယ်ပြန့်စွာအသိပညာများ  ရောက်ရှိစေရန်အတွက် ပညာပေးခြင်း ကို ယမန်နေ့ နံနက် ၁ဝ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ် လှိုင်ထွေးက အဖွင့်အမှာ စကားပြောကြားပြီးပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသီဟမြင့်စိုးက ငှက်ဖျား ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကာကွယ်နှိမ် နင်းရေး အကြောင်းများကိုလည်းကောင်း၊ ဒေါက်တာ နိုင်နိုင်ထွန်း က ရာသီတုပ်ကွေးဖြစ် ပွားရ သည့် အကြောင်းရင်းနှင့် လတ်တလောဖြစ်ပွားနေသောံ H1N1 နှင့် ပတ်သက်သည့် အကြောင်း အရာများကိုလည်းကောင်း တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိ သူ များ၊ ကျောင်း သား၊ ကျောင်း သူများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများကို  ရှင်း လင်းပြောကြားသည်။

ကရင်ပြည်နယ်အနေဖြင့် ၂ဝ၁၆ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားမှု ၁၅၆၅၇ ဦးရှိပြီး သေဆုံးခဲ့ သူမရှိသောကြောင့် ဖြစ်ပွားမှု၊ သေဆုံးမှုလျော့နည်းခဲ့ကြောင်း၊ သွေးလွန် တုပ်ကွေး ရောဂါ အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇူလိုင်၂၂ ရက်အထိ ဖြစ်ပွားသူ ၁၃၅၈ ဦးရှိရာမှသေဆုံးသူတစ်ဦးရှိခဲ့ပြီး   တစ်ပြည်နယ်လုံးအတိုင်း အတာဖြင့် ဘားအံမြို့နယ်၌ ၈၄၃ ဦးဖြင့် အများဆုံးဖြစ်ပွား နေကြောင်းကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။           

Page 80 of 80