SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကင်ဆာ ဖြစ်စေသော ဗိုင်းရပ်ပိုးများ

Thursday, 17 August 2017 12:09 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာဆိုသည်နှင့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားအများစု ထင်မှတ်ကြသည်မှာ အတိတ်ကံကြောင့်ဖြစ် သည့် ဝဋ်နာကံနာဟု ယူဆကြပြီး လက်ရှိခေတ်ကာလတွင်လည်း  ကြောက်စရာ အကောင်းဆုံး ရောဂါတစ်ခုအဖြစ် ကမ္ဘာတစ်ခုလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုလျက်ရှိသည်။

ကင်ဆာရောဂါသည် အသက်အရွယ်မရွေး၊ ကလေးသူငယ်မရွေးဖြစ်တတ်သည်။ ယနေ့ခေတ်တွင် ကင်ဆာရောဂါနှင့် ပတ်သက်သည့် ဘာသာရပ်များ တိုးတက်လာခြင်းနှင့်အမျှ ရောဂါရှာဖွေခြင်းအပိုင်းနှင့် ကုသမှုအပိုင်းတွင်လည်း ရလဒ် ကောင်းများ ရရှိလာကြသည်။ ကင်ဆာရောဂါကို ရှေးယခင် ကာလများဖြစ်သည့် ဘီစီ ၁၆ဝဝ ကတည်းကပင် အီဂျစ် ဆေးပညာရှင်များက ရင်သားကင်ဆာကို  စတင်အမည်တပ် ကုသနိုင်ခဲ့ကြသည်။ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း သေဆုံး ပြီးသောလူနာများကို ရင်ခွဲစစ်ဆေးပြီး လေ့လာခဲ့သောကြောင့် ကင်ဆာရောဂါသည် လူသားများအကြား တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စာရင်းများအရ ၂ဝဝ၈ ခုနှစ်တွင်  ၁၂  ဒသမ ၇  မီလီယံရှိသော လူဦးရေသည် ကင်ဆာရောဂါ ခံစားနေကြရပြီး ၂ဝ၁ဝ ပြည့်နှစ်တွင်  ၇ ဒသမ ၈၉ မီလီယံသည် ကင် ဆာရောဂါကြောင့် အသက်သေဆုံးခဲ့သည်။ ကင်ဆာရောဂါ ခံ စားနေရသူများ၏ ၁၃ ရာခိုင်နှုန်းသည် အသက်သေဆုံး နေကြရသည်။ ၂ဝ၁၅ ခုနှစ်တွင်မူ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းသည် ၉ဝ ဒသမ ၅ မီလီယံ အထိရှိလာခဲ့ပြီး ၁၅ ဒသမ ၇ ရာခိုင်နှုန်းသည် အသက်ဆုံးရှုံးခဲ့ရသည်။

ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း အများဆုံး နိုင်ငံ၂၂ နိုင်ငံတွင် ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း အပါ အဝင် ဖြစ်ဟု WHO ၏ စစ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ကင်ဆာများမှာ သားအိမ် ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာတို့ဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။ 

ဘယ်လိုအရာတွေက ကင်ဆာဖြစ်စေနိုင်သလဲ

ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သော အကြောင်းတရား များစွာရှိသည်။ ဖြစ် စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သော ရာခိုင်နှုန်းများလေဖြစ်သည်။ ကင်ဆာဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

အစားအစာများ - မီးကင်ထားသော အစားအစာများနှင့် အကင်များ၊ အရောင်တင်ထားသော အစားအသောက်များ၊ ဆိုဒါပါသော အစားအစာများ၊ အဆီများသော အစားအစာများ၊ ကာဗိုဟိုက်ဒရိုက်များသော အစားအစာများ၊ မှိုတက် နေသော အစားအစာများ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ ဗိုင်းရပ်ရောဂါပိုးများ၊ မျိုးရိုး ဗီဇကြောင့် မျိုးရိုးလိုက်ခြင်း- မျိုးရိုးလိုက်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်တွင် ၁၅ ရာခိုင်နှုန်းအထိ ပတ်သက် မှုရှိသည်။ ဥပမာအားဖြင့် မိသားစုမျိုးရိုးထဲတွင် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဦးနှောက်ကင်ဆာများ ဖြစ်ခဲ့ဖူး ခြင်းရှိပါက ကျန်မိ သားစုများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေသည် တခြားသော သူများထက် ပိုမိုများသည်။

ဓာတ်ရောင်ခြည်သင့်ခြင်း - အထူးသဖြင့် သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာများ၊ အစာမျိုပြွန် ကင် ဆာများဖြစ်ပွားတတ်သည်။ ဓာတ်ရောင်ခြည်ကြောင့် ဆဲလ်များ၏ မျိုးရိုးဗီဇပြောင်းလဲလာကာ အလျင်အမြန်  ပြန့်ပွား လာခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတွင်ထင်ရှားခဲ့သော ဟီရိုရှီးမား၊ နာဂါစကီ အနုမြူဗုံးကြဲမှုကြောင့် ၎င်းဒေသများတွင် နေထိုင်သောသူများသည် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ကင်ဆာများဖြစ်စေမှုကိုတိုးပွားစေသည်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုများ - ကားများ၏ အိတ်ဇောပိုက်မှထွက်သော မီးခိုးများ၊ စက်ရုံအလုပ်ရုံများမှ စွန့်ထုတ်သော ဓာတ်ငွေ့များ၊ ဓာတုဗေဒစက်ရုံများနှင့် သတ္တုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို သန့်စင်ခြင်းမရှိဘဲ စွန့်ထုတ်ခြင်းတို့ကြောင့် ကင်ဆာရောဂါများ ဖြစ်ပွားတတ်သည်။

ကာလရှည်ကြာစွာ နေလောင်ခံခြင်း - ၎င်းသည် အမျိုးမျိုးသော အရေပြားကင်ဆာများ ဖြစ်ပေါ်စေသော အဓိကအ ကြောင်းရင်းဖြစ်သည်။ အခြားကင်ဆာရောဂါ ဖြစ်ပွားစေသော အကြောင်းရင်းများမှာ - ကင်ဆာအများစုသည် အသက် ၅၅ နှစ်နောက်ပိုင်းတွင် ဖြစ်ပွားလေ့ရှိသည်ဟု စစ်တမ်းများအ ရတွေ့ရသည်။ အခြားသော ရောဂါများမှ တစ် ဆင့်လည်း ကင်ဆာရောဂါအဖြစ် အသွင်ပြောင်း သွားတတ်ကြသည်။  ဥပမာအားဖြင့် အစာအိမ်အနာရောဂါမှတစ်ဆင့် အစာအိမ်ကင်ဆာ၊ သည်းခြေအိတ် မကြာခဏရောင်ရမ်းခြင်းမှ သည်းခြေအိတ်ကင်ဆာ၊ ဆီးအိမ်နာတာရှည် ရောင်ရမ်းခြင်းမှ ဆီးအိမ် ကင်ဆာစသည်တို့ ဖြစ်ကြသည်။

ဗိုင်းရပ်ရောဂါပိုး ဆိုသည်မှာ

ဗိုင်းရပ်ရောဂါပိုးသည် အလွန်သေးငယ်ပြီး ၎င်းတို့သည် သက်ရှိဆဲလ်အတွင်း၌သာ ဆင့်ပွားဖြစ်စဉ်များ ပြောင်းလဲကြသည်။ အမျိုးအစားအားဖြင့် ဗိုင်းရပ်ပိုးတွင် ပါဝင်သော nucleic acid အပေါ်မူတည်ကာ RNA နှင့် DNA ဗိုင်းရပ်ဟူ၍ နှစ်မျိုးရှိသည်။ ထို nucleic acid ကို ပရိုတိန်းတစ်မျိုးဖြင့် ဖုံးအုပ်ထား သည်။ ဗိုင်းရပ်ရောဂါပိုးများသည် အမျိုးမျိုးသော ရောဂါများကို ဖြစ်စေနိုင်သကဲ့သို့ ကင်ဆာရောဂါကိုလည်း ဖြစ်ပေါ်စေသည်။ ထိုကင်ဆာရောဂါကို ဖြစ်ပေါ်စေ သော ဗိုင်းရပ်ပိုးများကို Oncogenic Virus ဟု ခေါ်ဆိုကြသည်။

ဗိုင်းရပ်ပိုးသည် ကင်ဆာရောဂါကို ဘယ်လို ဖြစ်စေတာလဲ

လူသားတို့တွင် ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါအားလုံး၏ ၁၅-၂ဝ ရာခိုင်နှုန်းသည် ဗိုင်းရပ်ရောဂါပိုးကြောင့်ဖြစ် သည်ဟု စစ်တမ်းများမှတစ်ဆင့် သိရှိရသည်။ ဗိုင်းရပ်ပိုးသည် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး နာတာရှည် ရောဂါ အသွင်ဖြစ်ပေါ်စေသည်။ ဗိုင်းရပ်ပိုး၏ DNA နှင့် RNA တို့သည် ရောဂါကူးစက်ခံရသော ဆဲလ်အတွင်းရှိ ခရိုမိုဇုန်းနှင့် ပူးပေါင်းသွားက ၎င်းဆဲလ်ရင့် သန်လာသည်နှင့်အတူ ဗိုင်းရပ်ပိုးသည်လည်း တိုးပွားလာကြသည်။ ထိုရောဂါ ပိုးကူး စက်ခံရသော ဆဲလ်သည်လည်း မျိုးရိုးဗီဇပြောင်းလဲ လာကြပြီး ပုံမှန်မဟုတ်သော ဆဲလ်များဖြစ်ပေါ်လာကာ  ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲလာကြသည်။ ကင်ဆာရောဂါ ဖြစ်စေသော ဗိုင်းရပ်ရောဂါပိုးများမှာ -

အသည်းရောင် အသားဝါရောဂါ ဘီပိုးနှင့်စီပိုးတို့သည် နာတာရှည်ရောဂါအဖြစ် တည်ရှိနေကြပြီး အသည်းဆဲလ်များကို ရောင်ရမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် အသည်းခြောက်ရောဂါနှင့် အသည်းကင် ဆာ ရောဂါများကို ဖြစ်ပေါ်စေသည်။ အသည်းရောင် အသားဝါစီ ပိုးသည် အသည်းကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားသည်။

Human Papilloma Virus (HPV) သည် သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ မိန်းမကိုယ်အင်္ဂါကင်ဆာ၊ ခံတွင်းနှင့် လျှာကင်ဆာတို့ကို ဖြစ်ပေါ်စေသည်။ HPV သည် အမျိုးအစားပေါင်း ၁ဝဝ ကျော်ရှိသည့်အနက် ကင်ဆာကိုဖြစ်စေ သောအမျိုးအစားမှာ HPV 16, 18 တို့သည် ကင်ဆာရောဂါနှင့် ပိုမို ဆက်စပ်မှုရှိသည်။ သာမန်အလုံးအကျိတ် (ဥပမာ ကြွက်နို့) ကိုဖြစ်စေသော အမျိုးအစားမှာ HPV 6, 11 တို့ဖြစ်ကြသည်။

ခုခံအားကျဆင်းရောဂါပိုး (HIV) သည် လင်ဖိုးမားရောဂါများ၊ စအိုကင်ဆာများ၊ ဆီးကျိတ်ကင်ဆာများ၊ အရေပြား ကင်ဆာများ၊ ခံတွင်းကင်ဆာများ စသည်တို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ခုခံအားကျဆင်းရောဂါပိုး ကူးစက်ခံရသော လူနာ များသည် အခြားသော ဗိုင်းရပ်ပိုးများဖြစ်သည့် အသည်းရောင် အသားဝါရောဂါပိုး၊ ရေယုန်ရောဂါပိုး၊ EPV ၊ HTLV ရောဂါပိုးတို့လည်း ထပ်မံကူးစက်နိုင်ပေသည်။

ကင်ဆာရောဂါ ဖြစ်စေသော ဗိုင်းရပ်ပိုးကို ကာကွယ်နိုင်သလား

ကာကွယ်သည်ဟု ဆိုရာဝယ် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို လူတစ်ဦးချင်း၏ အနေအထိုင် အပြုအမူတို့ ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ကာကွယ်ဆေးသည်  ရောဂါပိုးတိုင်း အတွက်တော့ မရရှိနိုင်ပေ။ အသည်းရောင် အသားဝါ ဘီပိုးတို့အတွက် ကာကွယ်ဆေးအား ကြိုတင် ထိုးထားနိုင်သည်။

နိဂုံးချုပ်အားဖြင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိသည်ကင်ဆာ ဖြစ်ပေါ်စေမည့် အကြောင်းတရားများကို သိရှိရှောင်ရှား ဆင်ခြင်နိုင်ရန် လိုအပ်သလို ကြိုတင်ကာကွယ် ထိုးနှံခြင်းကို လည်း  လုပ်ဆောင်သင့်သည်။ လူသားတို့သည် ကင်ဆာ၏ ခြိမ်ြးေ ခာက်မှု အန္တရာယ်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်နိုင်မည် ဖြစ်ပေသည်။    ဒေါက်တာ ကိုကိုဝင်း(ဆေးသု)

Read 737 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:33