SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိခင်နို့ချိုနှင့် ဖြည့်စွက်စာ (ကလေးငယ် ကျန်းမာရေး)

Monday, 21 August 2017 10:23 Written by  font size decrease font size decrease font size increase font size increase font size

မွေးကင်းစ ကလေးကို နွေးနွေးထွေးထွေး ထားရှိဖို့ လိုပါတယ်။ မွေးစကလေးကို ခြောက်သွေ့ နွေးထွေးတဲ့ အနှီးနဲ့ တစ်ကိုယ်လုံး ခေါင်းပါလုံအောင် ထွေးပတ်ထားသင့်ပါတယ်။ နွေးထွေးတဲ့ အခန်းထဲမှာ မိခင်နဲ့ကလေး၊ မိခင်လက် လှမ်းမီတဲ့ နေရာမှာထားရှိ ဖို့လိုတယ်။ မစင်ပေနေတဲ့၊ သေးစိုနေတဲ့ အဝတ်၊ အနှီးတွေကို ဂရုစိုက်ပြီး ချက်ချင်း လဲ လှယ်ပေးသင့်ပါတယ်။ လေးနာရီခြားတစ်ခါ ကလေးရဲ့ခြေဖျား၊ လက်ဖျားတွေ စမ်းကြည့်သင့်တယ်။ ခြေဖျား၊ လက်ဖျားက အစဉ်အမြဲနွေးပြီး ပန်းရောင်သန်းနေရမယ်။ အေးနေ သို့မဟုတ် အေးပြီးအပြာရောင်သန်း နေပါက ပြန်လည် နွေးထွေးစေဖို့ ချက်ချင်း လုပ်ဆောင်သင့်ပါတယ်။ စောင်တစ်ထပ် ပိုပြီးခြုံပေးခြင်း၊ မိခင်ရင်ခွင်ထဲ အသားချင်း ထိကပ် စွာထားပြီး စောင်နဲ့အုပ်ခြင်း၊ ခြေအိတ်၊ လက်အိတ်စွပ်ပေးခြင်း လုပ်ပေးသင့်ပါတယ်။

ကလေးကို အေးတဲ့စိုတဲ့ အခင်းများ ကြမ်းပြင်ပေါ်မှာ မထားသင့်ပါဘူး။ ကလေးကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိ တွေ့စေသင့်ပါဘူး။ ကလေးဟာ နုနယ်လို့ အအေးမိပြီး ဖျားရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ကလေးကိုမွေး ပြီး တစ်နာရီအတွင်း မိခင်နို့စတင် တိုက်ကျွေးနိုင်ပါပြီ။ နို့ဦးရည်ကို ညှစ်မပစ်သင့်ဘူး။ ကလေးကို တိုက်ပေးရမယ်။ နို့ဦး ရည်မှာ ရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်။ ကလေးငိုတိုင်း၊ ကလေးဆာတိုင်း၊ အချိန်တိုင်း မိခင်နို့စို့စေသင့်တယ်။ အနည်းဆုံး ရှစ်ကြိမ် တိုက်ကျွေးသင့်တယ်။ မွေးစမှ အသက် ခြောက်လပြည့်တဲ့အထိ မိခင်နို့တစ်မျိုး တည်းတိုက် သင့်တယ်။ ရေနဲ့ အခြားအစားအစာ၊ အရည်များ တိုက်ဖို့မလို အပ်ပါဘူး။ အသက် နှစ်နှစ်ပြည့်ပြီးတဲ့အထိ မိခင်နို့ ဆက်တိုက်သင့်ပါတယ်။

အသက် ခြောက်လကစပြီး ဗီတာမင်အေ သံဓာတ်စတဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာကျွေးရမယ်။ ကလေးဖြည့် စွက်စာမှာ ခန္ဓာကိုယ် ကြီးထွားစေနိုင်တဲ့ အသား၊ ငါး၊ ပုစွန်၊ နို့ထွက်ပစ္စည်း၊ အစားအစာနဲ့ ပဲအမျိုးမျိုး ပါဝင်သင့်တယ်။ ခန္ဓာကိုယ်အတွက် အားအင်စွမ်းအား ဖြစ်စေတဲ့ ဆန်နှင့် ဆန်ထွက် အစားအစာ အမျိုးမျိုး၊ ဂျုံ၊ ဂျုံထွက်အစားအစာတွေ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ သကြား၊ အဆီ စတဲ့ ကစီဓာတ် အစာအုပ်စုနဲ့ ခန္ဓာကိုယ် အတွင်းအပြင်ရောဂါ ဘေး အန္တရာယ်အပေါင်းမှ ကာကွယ်နိုင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ၊ သစ်သီးဝလံများ ပါဝင်တဲ့ အစာအုပ်စုသုံး မျိုးလုံး ပါဝင်အောင် ကျွေးသင့်တယ်။ ရေဆာရင် ရေပဲတိုက်သင့်ပါတယ်။ အချိုရည်၊ အချိုရည်ဘူး မတိုက်သင့်ပါဘူး။

မိခင်နို့က ကလေးအသက် ခြောက်လအထိ အာဟာရ လုံလောက်တယ်။ အသက် နှစ်နှစ်အထိ တိုက်ပေးသင့်တယ်။ မိခင်နို့ဟာ အာဟာရဓာတ် လုံလောက်စွာ အပြည့်အဝ ပါဝင်ပြီး သန့်ရှင်းပြီး ရောဂါကင်းစေပါတယ်။ မိခင်နို့မတိုက်ဘဲ နို့ဘူးတိုက်ရင် ငွေကုန်ကြေးကျများခြင်း၊ ကလေးဝမ်းပျက် ဝမ်းလျှော ဖြစ်ခြင်း၊ ကျန်းမာရေး မကောင်းခြင်းတွေ ဖြစ်နိုင် တယ်။ ချိုလိမ် သို့မဟုတ် အခြားနို့သီး ခေါင်းအတုတွေ မသုံးသင့်ပါဘူး။ မိခင်နို့ တိုက်ကျွေးရာမှာ စနစ်တကျမှန်ကန် စေဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမများ၊ သက်ကြီး မိခင်တွေကို မေးမြန်းဆွေးနွေး သင့်ပါတယ်။မိခင်နို့တိုက်ကျွေးတဲ့ မိခင်ဟာ တစ်ကိုယ် ရေသန့်ရှင်းရေးရှိဖို့ လိုအပ်ပါတယ်။ ကလေးကို မကိုင်မီနဲ့ ကလေးအညစ်အ ကြေးတွေ ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့နှင့် စက္ကန့် ၂ဝ ကျော်ကြာဆေးရမယ်။ ကလေးရဲ့ အညစ်အကြေးတွေ ကိုအိမ်သာထဲ စနစ်တကျ စွန့်ပစ်ရမယ်။ ကလေးရဲ့ အသုံးအဆောင်၊ အနှီး၊ စောင်၊ အခင်း သီးသန့် သန့်ရှင်းခြောက် သွေ့စွာ ထားသင့်တယ်။

ကလေးမျက်နှာ၊  ကလေးနားနောက်၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို နေ့စဉ်သန့်စင်ပေးရမယ်။  အဝတ်သန့် သို့မဟုတ် မျက်နှာသုတ်ပဝါ သန့်သုံးရမယ်။ မျက်စိထဲကို ဘယ်အရာမှ မထည့်သင့်ပါဘူး။ မလိုအပ်ဘဲ မသန့်ရှင်းတဲ့ အဝတ်၊ ဂွမ်းတို့နဲ့ မျက်စိသန့်ရှင်းရေး၊ ပါးစပ်သန့်ရှင်းရေး မလုပ်သင့် ဘူး။ ဆီး၊ ဝမ်း ပေကျံရင် ချက်ချင်းသန့်စင်ပေးပြီး ပြန်လည်ခြောက်သွေ့နွေးထွေးစွာ ထားသင့်ပါတယ်။''ချက်''သန့်ရှင်းရေးအတွက် ချက်ကြွေမှ ရေချိုးသင့်တယ်။ ရေချိုးခန်းက နွေးနေပြီး လေအေးမဝင်စေသင့်ပါ။ ရေနွေး နွေးနဲ့ ရေချိုးသင့်တယ်။ ရေချိုးပြီး ခန္ဓာကိုယ် သေချာစွာသုတ်ပြီး နွေးနွေးထွေးထွေး ထားသင့်တယ်။ ရာသီဥတု အေးလာရင် ရေမချိုး ပေးသင့်ဘူး။ ရေဖတ်သုတ်ပေးနိုင်ပါတယ်။ ချက်တိုင်ကတစ်ဆင့် ရောဂါပိုးမဝင်စေဖို့ ''ချက်''ကို သန့်ရှင်းခြောက်သွေ့အောင်ထားရမယ်။ ချက်ထဲကို အရက်ပြန်အပါအဝင် ဘာဆေးမှ ပုံမှန်ထည့်ပေးဖို့ မလိုပါဘူး။ ဘောင်းဘီဝတ်ခြင်း၊ ခါးတောင်းကျိုက်ေ ပးခြင်းပြုလုပ်ရင် ချက်တိုင်ရဲ့ အောက်မှ စည်းပေး၊ ပတ်ပေးသင့်ပါတယ်။ ချက် တိုင်ကို ပေကျံသွားခြင်းဖြစ်ရင် ရေနဲ့ဆပ်ပြာနဲ့ သန့်စင်ပေးပြီး သန့်ရှင်းတဲ့အဝတ်နဲ့ ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။

ကလေးကို စောင့်ရှောက်ရာမှာ ကလေးကို ပက်လက် သို့မဟုတ် ဘေးစောင်းသိပ်ပေးရမယ်။ ကလေးအိပ်နေစဉ် နေ့/ ညခြင်ထောင် ထောင်ပြီး သိပ်သင့်တယ်။ ကလေးပတ်ဝန်း ကျင်မှာ မီးခိုးများ၊ ဆေးလိပ်၊ စီးကရက် မီးခိုးများ ကလေး မရှူမိစေဖို့ ဂရုပြုရမယ်။ နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ မထိတွေ့ စေသင့်ပါဘူး။ ကလေးရဲ့မစင်ကို စနစ်တကျစွန့်ပစ် ဖို့နဲ့ အစားအသောက် မပြင်ဆင်မီ၊ ကလေးအစာ မကျွေးမီ အိပ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ ကျော်ကြာ ဆေးကြောသင့်ပါတယ်။ ကလေးငယ်တွေ အသက်အရွယ်အလိုက် ကလေးကာကွယ် ဆေးအကြိမ် ပြည့်အောင် ထိုးနှံပေးသင့်ပါတယ်။ အသက် နှစ်လ၊ လေးလနဲ့ ခြောက်လ အရွယ်မှာ ရောဂါပိုး ငါးမျိုးကာကွယ်ဆေး ဖြစ်တဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးပြီး ပါးစပ်ကနေ ပိုလီ ယိုကာကွယ်ဆေးအစက် နှစ်စက်ချပေးရမယ်။ ကလေးအသက် နှစ်လမှာ အဆုတ်တီဘီ ကာကွယ်ဆေး ဘီစီဂျီ (BCG)ထိုးနှံပေးရမယ်။ ကလေးအသက် ကိုးလနဲ့ တစ်နှစ်ခွဲအရွယ်မှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးရမယ်။ ဒေသအရ လိုအပ်တဲ့အချိန်မှာ ညွှန်ကြားတဲ့ ကာကွယ်ဆေးထိုးနှံရမယ်။

ဥာဏ်ရည်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတွေဖြစ်လာစေရေးအတွက် ချစ်ခင်ကြင်နာစွာ ပြုစုဆက်ဆံရမယ်။ ကလေးနဲ့အတူ စကားပြောခြင်း၊ ကလေးအတွက် ကာယ၊ ဥာဏဖွံ့ဖြိုးတိုးတက်နိုင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ ပတ်ဝန်းကျင် (မူကြိုကျောင်း) ပို့သင့်ပို့ပေးရမယ်။ ကလေးနေမကောင်းစဉ်မှာ ကျွေးနေကျအစာ၊ ဖြည့်စွက်စာကျွေးဖို့၊ မိခင်နို့တိုက်ပါက ဆက်လက်တိုက်ကျွေးဖို့၊ အရည်ပိုတိုက်ပေးဖို့လိုတယ်။ကလေးငယ် သာမန်နေမကောင်းဖြစ်ရင် အိမ်မှာသင့်လျော်တဲ့ ပြုစုကုသမှုပေးရမယ်။ မိခင်နို့ တိုက်ကျွေးရမယ်။ ရေပို တိုက်ရမယ်။ ဝမ်းလျှောတဲ့ ကလေးကို ဓာတ်ဆားရည် တိုက်ရမယ်။ လေကောင်းလေသန့်ရတဲ့ နေရာမှာထားသင့်တယ်။ အလွန်ထူတဲ့စောင် မခြုံသင့်ဘူး။  ရာသီဥတုအရ သင့်လျော်တဲ့အဝတ်ကို ဝတ်ရမယ်။ အန္တရာယ်လက္ခဏာ တစ်ခုခုတွေ့ရှိရင် ကျန်းမာရေးဝန်ထမ်းထံ ကုသမှုခံယူသင့်တယ်။ ကျန်းမာရေးဌာနကို ပြသသင့်တဲ့လက္ခဏာ တွေက နို့ကောင်းစွာ မစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက်ခြင်း၊ တက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှေးခြင်း၊ လည်ချောင်းတစ်ဆို့ သံကြားခြင်း၊ ပြင်းထန်တဲ့ ရင်ဘတ်ချိုင့်ဝင်ခြင်း၊ မျက်စိရောင်ပြီး ပြည်ထွက်ခြင်း၊ ဖျားခြင်း၊ နွေးအောင်ပြုပေးပေမယ့် ပြန်နွေးမလာဘဲ ဆက်လက်အေးနေခြင်း၊ ကိုယ်အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် ထက် နည်းခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ဖြူဖျော့ခြင်း၊ အန်ခြင်း၊ ဗိုက်ဖောင်းခြင်း၊ ချက်ငုတ်တို သို့မဟုတ် ဖြတ်ထားတဲ့နေရာမှ သွေးယိုစိမ့်ခြင်း၊ ချက်မှပြည်ထွက်ခြင်း၊ ချက်ပတ်လည် အရေပြားနီရဲခြင်း၊ ခြေလက်ကောင်းစွာ မလှုပ်နိုင်ခြင်း၊ အသားဝါခြင်း၊ ပထမရက်မှာ မျက်နှာ ၂၄ နာရီကျော်မှ ခြေဖဝါး၊ လက်ဖဝါးတစ်ကိုယ်လုံး ဝါလာခြင်း၊ နို့ကောင်းစွာမစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက် ခြင်း၊ အသက် နှစ်ပတ်သားမှာ သိသာစွာ ဝါခြင်းတို့ဖြစ်နေရင်တော့ ဆေးရုံကိုမပျက်မကွက် ဆက်ဆက်ပြဖြစ်အောင် ပြကြဖို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။   ဒေါက်တာ လွင်သန့်

Read 991 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:32