SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပလတ်စတစ် အန္တရာယ်

Thursday, 24 August 2017 11:51 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာကို ခြောက်လှန့်နေသော ပလတ်စတစ် အန္တရာယ်

အမေရိကန် သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ နှစ်ပေါင်း ၆ဝ ကျော်အတွင်း ကမ္ဘာပေါ်တွင် လူသားများအနေဖြင့် ထုတ်လုပ် သုံးစွဲလာသော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈ ဒသမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၆၅ နှစ်ခန့်ကတည်းကစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်ပမာဏသည်   ဆင်အကောင် သန်းတစ်ထောင်နှင့် အလေးချိန်ညီမျှပြီး ကမ္ဘာကြီးသည် ပလတ်စတစ်ဂြိုဟ်ကြီးကဲ့သို့ ဖြစ်လာနေပြီဖြစ် ကြောင်း သိရပါတယ်။ ယနေ့ခေတ်လူသားတို့ ထုတ်လုပ်သုံးစွဲ လိုက်သမျှ ပလတ်စတစ်ပစ္စည်း ၇ဝ ရာခိုင်နှုန်းကျော် သည် အလေအလွင့်ဖြစ်သွားပြီး မြစ်ချောင်းအင်းအိုင်များနှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန်ကြောင်း၊ ထုတ် လုပ်သမျှ ပလတ်စတစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး ကျန် ၈ဝ ရာခိုင်နှုန်း ကျော်ခန့်သည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားကြောင်း သိရပါတယ်။

ဖော်ပြပါနှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက လာမည့်နှစ် ၃ဝ ခန့်တွင်ပလတ်စတစ်ပစ္စည်း  စွန့်ပစ်မှုပမာဏ သည်တန်ချိန်ပေါင်း ၁၂ ဘီလီယံခန့် ရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။ ပလတ်စတစ်အိတ်မှ လေယာဉ်ကိုယ်ထည် အထိ ထုတ်လုပ်နိုင်ခဲ့သမျှသော ပလတ်စတစ်ပစ္စည်း အားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင်ပြောင်းယူ၍ မရဘဲ မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး၍ ရနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ထိုသို့မီးရှို့ဖျက်ဆီးခြင်းသည် လေထုညစ်ညမ်း မှုဖြစ်ပေါ်စေပြီး လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။

ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုသည် အလွန်စိုးရိမ်ရတဲ့ ကိစ္စတစ်ရပ်ဖြစ်လာပြီး အစားထိုးသုံးစွဲမှု များနှင့် ပြန်လည်သန့်စင်သုံးစွဲရေး အစီအမံများအလွန် အရေးကြီးလာပြီဖြစ်ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် လက်ရှိ ထုတ်လုပ်သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာဂျင်တီး နားနိုင်ငံ အကျယ်အဝန်းကိုပင် ဖုံးလွှမ်း၍ရနေပြီဖြစ် ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက တွက်ချက် သတိပေးထားပါတယ်။

ကားထဲရှိ ပလတ်စတစ် သောက်ရေသန့်ဘူး အန္တရာယ်

အမေရိကန်နိုင်ငံ၏ Castle ဆေးရုံမှ အကြိတ်ဗေဒပါရဂူများ၏ လေ့လာဆန်းစစ်ချက်များအရ ကားထဲရှိ ပလတ်စတစ် သောက်ရေသန့်ဘူးများဟာ အချိန်ကြာလာတာနဲ့အမျှ အပူပြန်လာပြီး ပလတ်စတစ်ဘူးခွံရဲ့ ဓာတုပစ္စည်းများက အ ဆိပ်အဖြစ် ရေထဲကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ထိုအဆိပ်က ရင်သားကင်ဆာတစ်သျှူးတွေကို ပိုမိုအပွားမြန် စေ၍ အမျိုးသမီးများ မသောက်သင့်ပေ။ ဒါကြောင့် ကားထဲမှာ ပလတ်စတစ်သောက် ရေသန့်ဘူးကို မထည့်ဘဲ စတီးရေဘူး သို့မဟုတ် ဖန်ပုလင်းတို့ကိုသာ သုံးသင့်ပါတယ်။

ယခုဆိုလျှင် Castle ဆေးရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ကျန်းမာရေး ဗဟုသုတရစေရန် တီဗွီလိုင်းများမှာ health hazard ခေါ် ကျန်းမာရေး သတိပေး ကဏ္ဍအဖြစ် မကြာခဏ ထုတ်လွှင့်ပြသပေးနေပါပြီ။ ထိုပါရဂူများ၏ အဆိုကို  Walter Reed Army Medical Center က ထောက်ခံထားပြီး အဲဒီပလတ်စ တစ် သောက်ရေသန့်ဘူးများကို ကားထဲမှာ သာမက ရေခဲသေတ္တာများနှင့် မိုက်ကရိုဝေ့မီးဖိုများထဲတွင်လည်း ထည့်မထားသင့်ကြောင်း၊ အဲဒီလိုပြုခြင်းက ပလတ်စတစ်ဘူးထဲမှ dioxins ခေါ် အန္တရာယ် ဓာတ်ပြုဓာတုပစ္စည်းများ ထွက်လာပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို အဆိပ်သင့်၍ ကင်ဆာဖြစ်ေ စကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ ရင်သားကင်ဆာရောဂါ ဖြစ်စေကြောင်း ထပ်လောင်း အကြံပြု ထားပါတယ်။

ပလတ်စတစ် အသုံးအဆောင်များ၏ ဘေးအန္တရာယ်

ပလတ်စတစ်  (ကြွပ်ကြွပ်အိတ်)ထဲတွင်ပါသည့် ဆိုက်ဇာနဲ့ စတိုင်ရင်းဓာတ်များသည် ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အပူဓာတ်နဲ့ဖြစ်စေ၊ ဆီပါတဲ့ အစားအသောက်တွေနဲ့ဖြစ်စေ ထိတွေ့မိတဲ့အခါ ၎င်းဓာတုပစ္စည်းတွေဟာ အစားအ သောက်တွေထဲကို ဓာတ်ပြုပျော်ဝင်သွားပါတော့တယ်။  ထိုနည်းတူ ကလေးနို့ဘူးတွေ ပြုလုပ်တဲ့  PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာခေါ် အင်မတန် အဆိပ်ပြင်းတဲ့ ဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ ဒါကြောင့် ကင်ဆာ ရောဂါဖြစ်စေတဲ့ ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေး အသိစိတ်ဖြင့် ရှောင်ရှားသင့်ပါတယ်။

ဒါ့အပြင် မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများဟာ အပူနဲ့ထိတွေ့တဲ့အခါမှာ ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်ပါတယ်။ ဒါ့အပြင် ပလတ်စတစ်ဘူးဖြင့် ထည့်ထားသော အစားအစာများကို မိုက်က ရိုဝေ့မီးဖိုမှာ အပူပေးလိုက်တဲ့အခါ ပလတ်စတစ်မှ ထွက်လာသော dioxins များက အပူရှိန်နှင့်အတူ အစားအစာထဲရှိ အဆီများနှင့်ဓာတ်ပြုကာ ကင်ဆာဖြစ်စေကြောင်း၊ ထိုမျှမက ဟင်းခွက်ပူပူများကိုလည်း ပလတ်စတစ်အဖုံး မဖုံးသင့် ကြောင်း၊ ထို့ပြင် စားသောက်ဆိုင်များ၌ သုံးလေ့ရှိသည့် styrene ခေါ် ရေမြှုပ်ရော်ဘာ ဘူးခွံများကို ပလတ်စတစ် ပြုလုပ်ရာတွင် သုံးသည့် ဟိုက်ဒရိုကာဗွန်အရည်တစ်မျိုးဖြင့် အသုံးပြုထားတာကြောင့် ထိုဘူးခွံများထဲတွင် အစားအစာ ပူပူထည့်၍ သယ်ဆောင်ခြင်းကလည်း ကင်ဆာရောဂါဖြစ်ကြောင်း စသည်ဖြင့် အမေရိကန်နိုင်ငံ၏ Castle ဆေးရုံမှ အ ကြိတ်ဗေဒပါရဂူများက လေ့လာဆန်းစစ် အဖြေထွက်ရှိခဲ့ကြပါတယ်။

သြစတြေးလျ သုတေသီများ၏ လေ့လာမှု မှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates ခေါ် ဓာတုပစ္စည်းတစ်မျိုး ကိုမကြာခဏ ဆိုသလို တွေ့ရလေ့ရှိပြီး ၎င်းဓာတုပစ္စည်းက ပလတ်စတစ်ကို ကြည်လင်အောင်၊ ပျော့ပျောင်းအောင်၊ တာရှည်ခံအောင် ပြုလုပ်ထားကြောင်း၊ ထိုဓာတုပစ္စည်းအုပ်စုကို အစားအစာထုပ်ပိုးမှုများ၊ ဆေးဝါးထည့်ပစ္စည်းများ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးပြုမှုပိုများကြောင်း၊၎င်း phthalates ဓာတုပစ္စည်း များနှင့် ထိတွေ့မှုများသူတွေမှာ အမျိုးအစား(၂)ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်နိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

အချို့သူများက သွားပွတ်တံကို မိုက်ကရိုဝေ့မီးဖိုမှာ အပူပေး ပိုးသတ်လေ့ရှိကြပါတယ်။ ထိုနည်းက လွန်စွာမှားယွင်း တဲ့နည်းဖြစ်ပါတယ်။ များသောအားဖြင့် သွားပွတ်တံတွေကို ပလတ်စတစ်၊ ဆီလီကွန်၊ နိုင်လွန်တွေဖြင့် ပြုလုပ် ထားကြပြီး ၎င်းပလတ်စတစ် အမျိုးအစားတွေကို မီးဖိုမှာ အပူေ ငွ့ပေးလိုက်တဲ့အခါ bisphenol-A(BPA) ခေါ် ဓာတု ဓာတ်ပစ္စည်းတစ်မျိုး  ထွက်ရှိလာပါတော့တယ်။  ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေသည့်အပြင် ကျား၊ မ သဘာဝ မြုံခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။ အကောင်းဆုံး နည်းကတော့ သွားပွတ်တံတစ်ချောင်းကို အများဆုံး သုံးလထက်ပို၍ မ သုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွားပွတ်တံသုံးပါ။ ဖြစ်နိုင်ရင် သွားပွတ်တံမသုံးမီ ရေခပ် နွေးနွေးဆပ်ပြာတို့ဖြင့်စိမ်၍ သန့်စင်ဆေးကြောပြီးမှသုံးပါ။

သို့ပါ၍ လူသားတို့ ကျန်းမာရေးအတွက်ကို သာမက ဤကမ္ဘာကြီးအား ဘေးဖြစ်စေတတ်သော ပလတ်စတစ်များနှင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထုပ်ပိုးထားသော ပစ္စည်းအမျိုးမျိုးတို့ကို သုံးစွဲခြင်းမှ ရှောင်ရှားနိုင်ကြ ပါစေကြောင်း အကြံပြု လိုက်ရပါတယ်။    ပေါက်ပေါက်

Read 633 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:32