SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျောင်း ကျန်းမာရေး (သွားနှင့် ခံတွင်း ရောဂါများ)

Monday, 28 August 2017 11:41 Written by  font size decrease font size decrease font size increase font size increase font size

ကျောင်းနေအရွယ်  ငါးနှစ်မှ  ၁၅ နှစ်အတွင်း ကလေးတွေမှာ သွားရောဂါ ဖြစ်ပွားမှုနှုန်း ၄၅-၆၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ကျောင်းကျန်းမာရေးအဖွဲ့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ သွားနဲ့ခံတွင်း သန့်ရှင်းရေးအတွက် တစ်နေ့ အနည်းဆုံးနှစ် ကြိမ်၊  နံနက်အိပ်ရာထနဲ့ အိပ်ရာဝင်ခါနီးမှာ ဖလူအိုရွိုက်ပါသော သွားတိုက်ဆေးနဲ့ တိုက်ရမယ်။

သွားတွေသန့်ရှင်းမှုရှိ၊ မရှိ၊ သွားပိုးစားရောဂါ၊ သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြို ရောဂါစတာတွေဟာ ကျောင်းသား တွေအပေါ် အထူးဦးစားပေး စစ်ဆေးနိုင်ရေး၊ ဆရာ၊ ဆရာမတို့ ဂရုစိုက်သင့်တယ်။ ငယ်သွားတွေ အရေးပါလှတယ်။ ကြီးသွားတွေမပေါက်မီ ငယ်သွားတွေ တတ်နိုင်သလောက် ထိန်း သိမ်းစောင့်ရှောက်သင့်တယ်။ အချိန်မတိုင်မီ ငယ် သွားတွေ ဆုံးရှုံးခဲ့ရင် သွားတွေနဲ့ ကြိတ်ဝါးမှုနှုန်း လျော့သွားပြီး ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရမရနိုင်လို့ အာဟာရချို့တဲ့ရောဂါ ရစေပါတယ်။

နာနေတဲ့သွားကြောင့် ကလေးဟာမာတဲ့ အစာတွေစားနိုင်မှာ မဟုတ်ဘူး။ အစာကိုလည်း ပါးစပ်ထဲမနာတဲ့ သွားနဲ့သာ ဝါးဖို့ကြိုးစားလိမ့်မယ်။ ရောဂါပိုးရှိတဲ့ ကလေးငယ်ရဲ့ သွားတွေဟာ ယင်းကလေးရဲ့ ကျန်းမာရေး ထိခိုက်စေရုံမက ကလေးရဲ့ ရောဂါကိုခံနိုင်ရည် အင်အားလည်း လျော့နည်းသွားမယ်။ ငယ်သွားတွေ စောစော ကျိုးတာကြောင့် အနီးအနားရှိ နေရာလွတ်ဆီ သွားတွေရွေ့လျားစေနိုင်တယ်။ ခြောက်နှစ်အရွယ်ပေါက်တဲ့ အံသွားအရှေ့ကို ရွေ့လျားခြင်း ယိုင်ခြင်းကို ကြည့်ခြင်းက သိသာပါတယ်။ ခြောက်နှစ်အရွယ် အံသွားရှေ့ကို ရွေ့လျားခြင်းက နောက်ပေါက်လာမယ့် အံသွားငယ်တွေအ တွက် နေရာလုံလောက်မှာတော့ မဟုတ်ပါ။

သွားတွေစုပြုံပေါက်ပြီး သွားတွေ မညီမညာ ပေါက်မှု တစ်မျိုးဖြစ်၍ ယင်းသွားတွေ မြင်ရတာ ရုပ်ဆိုးတဲ့အပြင်  သွားသန့်ရှင်းရေး ပြုလုပ်ဖို့ခက်ခဲလို့ သွားတွေ စောစောပိုးစားစေကာ သွားဖုံးရောဂါ ဖြစ်စေတယ်။ ကလေးတွေ အချိန်မတိုင်မီ သွားကျိုးခြင်း၊ သွားကျွတ်ခြင်း ဖြစ်တတ်တာကြောင့် စကားပြော ရာမှာ အခက်အခဲ ဖြစ်စေနိုင်တယ်။ ရှေ့သွား ကျိုးခြင်းက ပိုဆိုးစေတယ်။ အချိန်မကျမီ ကလေးသွားတွေ ကျိုးကုန်လို့ အခြားအရေးကြီးတဲ့ ပြစ်ချက်အရအပေါ် မေးရိုးနဲ့ အောက်မေးရိုးတို့ နဂိုရှိသင့်တဲ့ အကွာအဝေးထက် လျော့နည်းခြင်း ဖြစ်စေတယ်။ အမှန်က အပေါ်မေးရိုးနဲ့ အောက်မေးရိုးတို့ဟာ သွားတွေရှိနေရင် တစ်ခုနဲ့တစ်ခု နီးကပ်ခြင်းမရှိ။ သင့်တင့်တဲ့ အကွာအဝေးမှာ ရှိနေပါတယ်။

ကလေးသွားတွေ စတင်ကျိုးတဲ့ အချိန်မှာ သွားဖုံးအတွင်းက လူကြီးပထမ အံသွားတွေ စတင်ထွက်လာလို့ မေးရိုး နှစ်ခုအတွင်း ရှိသင့်တဲ့ အကွာအဝေးကို ကလေးအံသွားတွေက ထိန်းထားပေးတယ်။ နဂိုကျိုးသင့်တဲ့ အချိန်ထက် ယင်းကလေး အံသွားစောပြီးကျိုး သို့မဟုတ် နောက်ကျပြီးကျိုးရင် မေး ရိုးနှစ်ခုကြားမှာ ရှိသင့်တဲ့ အကွာအဝေးကို ပို လျော့နည်းစေနိုင်ကာ ယင်းကလေးမှာ လူကြီးသွားအားလုံး ပေါက်တဲ့တိုင် ယင်းချွတ်ယွင်းချက်ကို ပြင်နိုင်မှာ မဟုတ်လို့ ငယ်သွားတွေ ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။

သွားတွေရဲ့ အလုပ်တာဝန်ကို ကြည့်ရင် ရှေ့သွားက ကတ်ကြေးသဖွယ် အစာကို ကိုက်ဖြတ်ပေးတယ်။ အစွယ်သွား တွေက အစာကို လက်နဲ့ဆွဲဖြဲသလို ပြုလုပ်ပေးတယ်။ အံသွားငယ်တွေက အစာကို ကိုက်ဖြဲခြင်း၊ အစာကို ကွမ်းညှပ် သဖွယ်ကိုက်ခြေခြင်း ပြုလုပ်ပေးပါတယ်။ အံသွားတွေက အစာကို ကြိတ်စက်သဖွယ် ခြေပေးတယ်။ သွားရဲ့ အရေးကြီးဆုံး လှုပ်ရှားမှုက အစာကို ကြိတ်ခွဲဖို့ပဲဖြစ်ပြီး အစာကြေညက်စေဖို့ လုပ်ငန်းပြေပြစ်ဖို့ လိုတယ်။ သွားရဲ့ပုံသဏ္ဌာန် လေ့လာကြည့်ရင် ယင်းတို့ ပုံသဏ္ဌာန်နဲ့ ယင်းတို့ရဲ့လုပ်ငန်းတာဝန်တွေ၊ ကိုက်ဖြတ်ခြင်း၊ ဆုတ်ဖြဲခြင်း၊ ခြေခြင်းနဲ့ထုခြေ ခြင်းဆက်စပ်နေ တယ်။

သွားရဲ့နောက်ဆက်တွဲ လှုပ်ရှားမှုမှာ စကားပြောရာမှာ ကူညီခြင်း၊ မျက်နှာအမူအရာ ပြောင်းရာမှာ ကူညီခြင်းနဲ့ ပါး၊ နှုတ်ခမ်းတို့ကို ပုံမှန်နေရာမှာ ရှိစေခြင်းက မျက်နှာအမူအရာကို ထိန်းသိမ်းပေးရာ ရောက်ပါတယ်။ ခြောက်နှစ်အရွယ် မှာ အံသွားလေးချောင်း ရှိပါတယ်။ ယင်းတို့ဟာ ကလေးဘဝ နောက် ဆုံးပေါက်တဲ့ ကလေးအံသွားရဲ့ နောက်နားမှာ ကပ်ပြီး မေးရိုးနှစ်ခုလုံး ထက်အောက်မှာ ပေါက်လာတယ်။ ယင်းအံသွားတွေ ပေါက်တဲ့အခါ ဒုက္ခမပေးဘဲ အေးအေး ဆေးဆေး ပေါက်လေ့ရှိလို့ တစ်ခါတစ်ရံ ကလေးသွားတွေနဲ့ မှားတတ်တယ်။ ယင်းသွားတွေ အထူးဂရုပြု ထိန်းသိမ်း စောင့်ရှောက် သင့်ပါတယ်။

ယင်းသွားတွေက မပေါက်သေးတဲ့ လူကြီးသွားအားလုံး ပေါက်လာစေဖို့ လမ်းကြောင်းပေးပါတယ်။ သွားဆွေးမြည့် ရောဂါကို ယခင်က သွားပိုးစားရောဂါလို့ ခေါ်တယ်။ သွားဆွေးမြည့်ခြင်းဟာ လူတို့မှာ အများဆုံး ပျံ့နှံ့ဖြစ်ပွားလေ့ရှိတဲ့  ရောဂါတစ်မျိုးဖြစ်တယ်။ သွားဆွေးမြည့်ခြင်းဟာ ရှေးနှစ်ပေါင်း များ စွာကတည်းက ရှိကာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံမှာ  ၅ဝ-၉ဝ ရာခိုင်နှုန်းရှိတယ်။ ကလေးလူကြီးမရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာ မရွေးဖြစ်ပွားလေ့ရှိတယ်။ သွားဆွေးမြည့်ခြင်း ရောဂါဖြစ်စဉ်ကို ဖော်ပြရရင် သွားရဲ့ဓာတ်သတ္တု အစိတ်အပိုင်းများ ပျက်စီးပြီး သွားရဲ့ အတွင်းပိုင်းရှိ အော်ဂဲနစ် အစိတ်အပိုင်းများ ပျက်စီးခြင်းကို ဆိုလိုပါတယ်။

သွားတွေရဲ့ ဝန်းကျင်ခံတွင်းထဲရှိ အဏုဇီဝဗက်တီးရီးယားက ထုတ်တဲ့အင်ဇိုင်းဓာတ်နဲ့ အချဉ်ပေါက်လွယ်တဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ပါ အစာများ  ထိတွေ့ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ အက်စစ်ကြောင့်ဖြစ်တယ်။ သွားပိုးတွေက ကိုက်တာမဟုတ်ဘူး။ မျက်စိနဲ့ မြင်နိုင်တဲ့ပိုးတွေ ခံတွင်းမှာမရှိဘူး။ ဗက်တီး ရီးယားက သွားမှာ ကပ်နေတဲ့ သွားကြေးလွှာထဲ ခိုအောင်းနေတတ်ပါတယ်။ ကြွေသွားလွှာမှာပါတဲ့ ဓာတ်သတ္တုနဲ့ အော်ဂဲနစ်များ ပျက်စီးလာရင် ဦးစွာကြွေသွားလွှာ အရောင်ပြောင်းတယ်။ တဖြည်းဖြည်း မည်းလာတယ်။ သွားမှာ အပေါက်လေးဖြစ်လာတယ်။ ယင်းသွားပေါက်ကို အချိန်မီမကုသရင် သွား ပိုးသို့မဟုတ် ဗက်တီးရီးယားနဲ့ သွားပေါက်အတွင်းရှိ စားကြွင်းစားကျန်တွေ ထပ်မံထိတွေ့မိပြီး သွားပိုးပေါက် ကြီးသထက်ကြီးလာရင် ကြွေသွားလွှာက တစ်ဆင့်ဆင်စွယ်နှစ်၊ ဆင်စွယ်နှစ်မှ မွသွားလွှာထဲ ဗက်တီးရီး ယားကောင်လေးများ ဝင်သွားကာ သွားမြစ်အတွင်း သွားအိမ်ရောင်ပြည် တည် တာဖြစ်နိုင်တယ်။

ဒါကြောင့် ကလေးတွေ ကျောင်းနေစဉ် အရွယ်မှာ သွားနှင့်ခံတွင်းရောဂါ ကင်းရှင်းရေးအတွက် မိဘဆရာနှင့် ကျောင်း ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။  ဒေါက်တာ လွင်သန့်

Read 640 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:31