SJ WorldNews - шаблон joomla Авто

တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်ကျန်းမာရေး

Wednesday, 20 February 2019 10:30 Written by  font size decrease font size decrease font size increase font size increase font size

လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အရေးအပါဆုံး ဖြစ်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဆောင်ရမယ့် အချက်တွေက  နေ့စဉ်ရေချိုးခြင်း၊ သွားတိုက်ခြင်း၊ သွားကြားညပ်အစာများ ထုတ်ခြင်း၊ ခေါင်းလျှော်ခြင်း၊ လက်ဆေးခြင်း၊ ဝတ်စားဆင်ယင်မှု၊ လက်ကိုင်ပဝါ အသုံးပြုမှု၊ လက်သည်းခြေသည်း မှန်မှန်ဖြတ်မှု၊ ရာသီဥတုနဲ့ လျော်ညီအောင် နေထိုင်မှုတို့လိုအပ်ပါတယ်။

ရေချိုးခြင်းဟာ  လူ့အရေပြားမှာကပ်ငြိနေတဲ့  ဖုန်၊ အညစ်အကြေး၊ ပိုးမွှားတို့ကို ဖယ်ရှားရေးဖြစ်တယ်။ ရေချိုးဖို့ အခြေအနေမပေးတဲ့ တောတွင်း စခန်းချခြင်း၊ ရေပြတ်လပ်ခြင်း၊ မကျန်းမာခြင်းတို့ဖြစ်တဲ့အခါမှာ ရေဖတ်တိုက်ပေးနိုင်တယ်။ ရေချိုးခြင်းက ခန္ဓာကိုယ် အပူချိန်ကိုကျစေတယ်။ အပူများတဲ့အချိန်မှာ အကျိုးရှိပေမယ့် အေးမြတဲ့အချိန်၊ ကိုယ်ခံအားနည်းတဲ့ အချိန် ညနေပိုင်း၊ ညပိုင်းမှာရေချိုးရန် သင့်၊ မသင့် စဉ်းစားပြီးမှချိုးသင့်တယ်။  အအေးပတ်ခြင်း၊   လေဖြတ်ခြင်း ဖြစ်တတ်တယ်။

သွားမှန်မှန်တိုက်ခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အရေးပါတယ်။ ဖလူအိုရွိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်၊နှစ်မိနစ်ခန့် မနက်နဲ့အိပ်ခါနီး ညဘက်မှာ မှန်ကန်စေ့စပ်စွာ တိုက်ပေးသင့်တယ်။ သွားကြားညပ်အစာများ ထုတ်ခြင်း သွားတိုက်ရုံဖြင့်  သွားနဲ့ခံတွင်း ကျန်းမာရေး မပြည့်စုံပါ။

သွားကြားညပ်နေတဲ့အစာကိုသွားကြားညပ်ထုတ်  ပိုးကြိုးနဲ့ထုတ်ရမယ်။

နူးညံ့တဲ့အပ်ချည်ကြိုးသုံးနိုင်တယ်။  သွားအတွက်  ရေရှည်ရည်မှန်း ထားရှိဖို့    ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊  ကွမ်းစားခြင်းဖြတ်သင့်ပါတယ်။

ခေါင်းလျှော်ခြင်းဟာ ဆံပင်နဲ့ ဦးရေပြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ ဗောက်တွေ၊ ပိုးမွှားတွေဖယ်ပေးတယ်။အနည်းဆုံး တစ်ပတ်နှစ်ကြိမ် ခေါင်းလျှော်သင့်တယ်။ ရေချိုးတိုင်း ခေါင်းမလျှော်သင့်ပါ။ ရေချိုးတိုင်း ခေါင်းလောင်း ချိုးရင်  ဦးရေပြား အမြဲစိုနေတာကြောင့်   အအေးမိနိုင်တယ်။

လက်ဆေးခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အရေးပါဆုံး ဖြစ်တယ်။ လက်ကတစ်ဆင့် ရောဂါတွေ ကူးစက်တတ်လို့ပဲဖြစ်တယ်။ ထမင်းမစားခင်မှာ၊ အညစ်အကြေး ကိုင်တွယ်အပြီးမှာ၊ အိမ်သာတက်အပြီးမှာ လက်ကိုဆပ်ပြာနဲ့ အနည်းဆုံးစက္ကန့် ၂ဝ ကျော်ကြာ နည်းစနစ်မှန်စွာ စင်ကြယ်စွာ ဆေးကြောဖို့ လိုအပ်ပါတယ်။

ဝတ်စားဆင်ယင်မှုကြည့်ရင် သန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အပူအအေးမျှတတဲ့ အဝတ်အစားတွေ  ဝတ်ဆင်ခြင်းဟာ အရေးကြီးတယ်။

မသန့်ရှင်းတဲ့  တစ်ပတ်ကျော်ကြာဝတ်ဆင်တဲ့ အဝတ်အစား ဝတ်ဆင်ခြင်းဟာ ရောဂါပိုးရှိနေနိုင်ပြီး ကူးစက်နိုင်တယ်။ အဝတ်ကို ခြောက်သွေ့အောင် လှန်းရင်နေရောင်မှာ လှန်းတာ အကောင်းဆုံးဖြစ်တယ်။နေရောင်က ကပ်ငြိနေတဲ့ ပိုးအားလုံးနီးပါးကို သေစေတယ်။ မီးပူတိုက်ပြီး ထားရမယ်။

နှာချေချောင်းဆိုးရင်၊ စကားကျယ်လောင်စွာပြောရင်၊ သီချင်းအော်ဆိုရင် တခြားသူထံ ရောဂါကူးစက်နိုင်တယ်။ တစ်ရှူး သို့မဟုတ် လက်ကိုင်ပဝါအုပ်ကာ နှာချေ၊ ချောင်းဆိုးခြင်း ပြုရမယ်။ တီဘီရောဂါ၊ တုပ်ကွေးရောဂါတို့ ကာကွယ် တယ်။

လက်သည်းခြေသည်း ပုံမှန်ညှပ်ပေးသင့်တယ်။ လက်သည်းကြား၊ ခြေသည်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေမှ ရောဂါကူးစက်ခြင်း ကာကွယ်ပေးတယ်။ ကိုယ်ပိုင်လက်သည်းညှပ်၊ မိသားစုပိုင် လက်သည်းညှပ် ရှိသင့်ပါတယ်။

ရေချိုးပြီးရင်၊ ချွေးထွက်ပြီးရင်၊ မိုးစိုပြီးရင် သန့်ရှင်းတဲ့ တဘက်(ပဝါ)နဲ့ ခြောက်သွေ့အောင် သုတ်ပေးရမယ်။ ချိုင်းကြား၊ ရင်သား၊ ကပ်ပယ်အိတ်၊ ပေါင်ကြား၊ လက်ချောင်း၊ ခြေချောင်းကြား၊ ဆံပင်နားရွက် အနောက်ဘက် စတဲ့နေရာတွင် စိုစွတ်ရင် မှိုပေါက်ပွားကာ အရေပြားရောဂါ ရတတ်ပါတယ်။

ကိုယ်ပိုင်တဘက်(ပဝါ) ရှိသင့်ပါတယ်။ ခြေအိတ်၊ အနွေးထည် အမြဲဆောင်ထားသင့်ပါတယ်။ ပူအိုက်တဲ့ရာသီဖြစ်ပေမယ့် ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်လာရင် အနွေးထည်၊ ခြေအိတ်၊ ခေါင်းစွပ်လိုအပ်တဲ့ အတွက် ချက်ချင်းဝတ်ပါမှ အအေးပတ်ခြင်း ကာကွယ်နိုင်ပါမယ်။ အိပ်ရာထဲမှာလည်း အနွေးထည်၊ ခြေအိတ်၊ လက်အိတ်၊ စောင်တို့ထားရှိရမယ်။ တစ်ရေးနိုးချိန်မှာ ချမ်းစိမ့်စိမ့်ဖြစ်လာရင်  အဆင်သင့် ဝတ်ဆင်သင့်တယ်။ 

ဆောင်းရာသီမှာ အခန်းအောင်းနေလေ့ရှိလို့  ပြင်ပအလင်းရောင်၊ နေရောင်တို့နဲ့ ထိတွေ့မှုနည်းရင် ဆက်ဒ်ရောဂါ ဖြစ်တတ်တယ်။ ဆက်ဒ်ရောဂါဖြစ်တဲ့အခါ ဆက်ဒ်ဓာတုပစ္စည်း တစ်မျိုးထွက်ရှိပြီး ဆီရိုတိုနင်ကို ကျစေပါတယ်။ ဆီရိုတိုနင်က  ပျော်ရွှင်မှုဖြစ်စေတယ်။ ဆီရိုတိုနင်နည်းရင် မပျော်ရွှင်ဘဲ ဝမ်းနည်းမှုဖြစ်စေပါတယ်။ ဆက်ဒ်ရောဂါ မဖြစ်ရအောင် အေးတဲ့ရာသီမှာ အိမ်တွင်းအမြဲအောင်းမနေဘဲ အပြင်ထွက်၊ နေရောင်ခံခြင်း၊ နေ့စဉ်အားကစား နာရီဝက်မှတစ်နာရီ(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ရေကူးခြင်း) ဆောင်ရွက်ပေးသင့်တယ်။

အရေပြားကို နေရောင် ထိတွေ့စေခြင်းက ဗီတာမင်ဒီကို ရစေတယ်။

နေရောင်မထိတွေ့ရင် ဗီတာမင်ဒီချို့တဲ့လို့ ကြွက်သား အားနည်းခြင်း၊ အနည်းငယ်ထိရုံနဲ့ အလွန်နာကျင်ခြင်း၊   အိပ်ငိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

နေရောင်ထဲထွက်ပေးခြင်း သို့မဟုတ် အစားအစာထဲ ဗီတာမင်ဒီကြွယ်ဝတဲ့ အစား ဥပမာ ပင်လယ်ငါး၊ အားဖြည့်နို့ စတာတွေဟာ ဗီတာမင်ဒီကြွယ်ဝတယ်။ လိုအပ်ရင် ဗီတာမင်ဒီ ၆ဝဝ အိုင်ယူကို တစ်နေ့တစ်ကြိမ် သောက်သုံး သင့်ပါတယ်။

 အေးတဲ့အခါကွေးမနေသင့်ဘဲ ကိုယ်လက်လှုပ်ရှားမှု  နေ့စဉ်နာရီဝက်လုပ်ပြီး ချွေးထွက်ပြီးမှ ရေချိုးသင့်တယ်။ ခန္ဓာကိုယ် နွေးထွေးစေရုံမက  အဆစ်အမျက်တောင့်တင်းခြင်း၊ ကိုက်ခဲခြင်း၊ အရိုးပါးခြင်းကို ကာကွယ်နိုင်တယ်။ အဝလွန်ခြင်း လျော့ကျစေတယ်။ ခန္ဓာကိုယ်အလေးချိန် ထိန်းပေးခြင်းသည်  အဆစ်များ တာဝန်လျော့စေတယ်။  

ဒေါက်တာ လွင်သန့်

Read 128 times
Rate this item
(0 votes)
Last modified on Wednesday, 20 February 2019 10:31